အလုပ်ဝင်ရန်အခြေခံ လိုအပ်ချက်များ (၂)

အလုပ်ဝင်ရန်လိုအပ်ချက်များ (၂)

လူငယ်တွေအလုပ်ရှာကြတယ်။ အလုပ်ကရှားတယ်။ လစာက ဘာမှမရဘူး။ အဖြေက အကြောင်းများစွာရှိပါ တယ်။ အဲဒါတွေထဲကမှ အရေးကြီးတာလေးတွေ တွေးမိသလောက်မျှဝေချင်ပါတယ်။ ကမ္ဘာကြီးက globalization (ကမ္ဘာကြီးက ရွာဖြစ်လာခြင်း) ဖြစ်လာတဲ့အခါမှာ မိမိနေရာ မိမိဒေသ မိမိတို့လုပ်ငန်းခွင်ဆိုတာ မျိုးသီးသန့်မရှိတော့ပါဘူး။ အလုပ်တစ်ခုရဖို့ဆိုတာ မတူညီတဲ့ဒေသ မတူညီတဲ့လူမျိုး မတူညီတဲ့ပညာရေးနောက် ခံပါတဲ့သူတွေနဲ့ယှဉ်ပြိုင်နိူင်မှ အလုပ်ရမှာပါ။ ဒါမှမဟုတ်ရင်တော့ အလုပ်တော့ရမှာပါ။ ဘယ်သူမှ မလုပ်ချင်တဲ့ အလုပ်မျိုးပေါ့။ လစာရင်မကောင်းဘူးပေါ့။ အဲဒီတော့ အလုပ်ကောင်းတစ်ခုရဖို့ဆိုတာ မိမိကိုယ်ကိုမိမိ ပြည့်စုံနေ အောင်သွေးထားမှဖြစ်မှာပါ။ ပညာရေးနဲ့ပတ်သက်လို့ အဆိုတစ်ခုရှိပါတယ်။ “မင်းဘာမှမလုပ်ပဲ နေနေတဲ့ အချိန် မှာ အခြားတစ်နေရာက တယောက်ယောက်က သင်ယူနေလိမ့်မယ်။ အဲဒီသူနဲ့ မင်းယှဉ်ရတဲ့အခါမှာ မင်းရှုံးမှာပဲ”။ အခုကာလမှာ ပညာတတ်ဘွဲ့ရပြီး အလုပ်မရှိတဲ့သူတွေ အင်မတန်များပါတယ်။တချို့ကလည်း မလုပ်ချင်လို့ အချို့ကြလည်းအလုပ်မရလို့။ အမျိုးမျိုးပေါ့လေ ဒီကြောင်းကိုပြောချင်တာမဟုတ်လို့ကျော်လိုက်ပါမယ်။ ဒါပေမဲ့ အများစုကို သတိထားကြည့်တော့ ဒီအချက်ကိုတွေ့ရပါတယ်။ အခုခေတ်အလုပ်တစ်ခုရဖို့ဆိုတာ အင်တာနက်က အဓိက မရှိမဖြစ် မသိမဖြစ် အရာတခုဖြစ်လာနေပါပြီ။ ဒါဆို အင်တာနက်ဆိုတာဘာလဲ။ Facebook, Messenger, WeChat, Lineup, အစရှိတဲ့ social media တွေကိုပြော တာလား။ ကျွန်တော်တို့ဆီမှာ Instagram, LinkedIn, twitter စတာတွေတောင် သုံးတဲ့သူရှားပါတယ်။ Live game တွေကစားတတ်တာကိုရော ဘယ်လိုပြောမလဲ အင်တာနက်နဲ့ချိတ်ထားတာပဲလေ။ ဒါတွေသုံးတတ်ရင် အင်တာနက်သုံးတတ်ပြီလို့ပြောလို့ရပါသလား။ ခြုံပြီးပြောရရင်တော့ မဟုတ်သေးဘူးလို့ပဲ ပြောရမှာပါ။ အခုခေတ်မှာတော့ အင်တာနက်ဆိုတာ အရာရာပါပဲ။ သင်ဘာလိုချင်တာလဲ ။ သင်ဘာကိုသိချင် တာလဲ။ ဘာကိုလေ့လာချင်တာလဲ။ အင်တာနက်မှာအကုန်ရှိပါတယ်။ www ( world wide web) , http ( hyper text transfer protocol) အစရှိတဲ့ လိပ်စာတွေကို အသုံးပြုပြီး ကိုယ်လိုချင်တာကို လိုက်လံ ရှာဖွေသုံးတတ်ဖို့ပဲလိုတာပါ။ ကျောင်းတက်ချင်တာလား ။ ရပါတယ်။ ကွန်ပြူတာတတ်ချင်တာလား။ရပါတယ်။ သင်ယူချင်တဲ့စိတ်ကလေးပဲရှိဖို့လိုတာပါ။ အင်တာနက်ချိတ်ထားတဲ့ဖုန်းတစ်လုံး ရှိရင် တော်တော် အသုံးချလို့ရနေပါပြီ။ ကမ္ဘာသုံးစကားက အင်္ဂလိပ်စာ ဖြစ်နေတော့ အင်္ဂလိပ်စာတတ်ရင် တော့ပိုကောင်းပါတယ်။ အင်္ဂလိပ်စာကိုလည်း အင်တာနက်ကနေပဲ ဖုန်းနဲ့လေ့လာရင် အဆင်ပြေပါတယ်။ အခုဆိုရင် အများစုသုံးနေကြတဲ့ ဖုန်းတိုင်းမှာ default browser (ဘရောက်ဇာ) တွေပါကြပါတယ်။ ဒါလေးကိုသုံးပြီး ကိုယ်အလိုရှိသလိုအသုံးချယုံပါပဲ။ မိမိဖုန်းက ယူနီကုတ်သုံးထားတယ်ဆို မြန်မာလိုလည်းရှာလို့ရပါတယ်။ ဂူးဂဲလ်ကို ကောင်းကောင်းသုံးတတ်မယ်ဆိုရင် မြန်မာလိုတောင်စာကို ရိုက်နေစရာမလိုပါဘူး။ ကိုယ်ရှာချင်တာကို ပါးစပ်ကပြောလိုက်ယုံပါပဲ။ သူ့ဘာသာသူရှာပေးပါတယ်။ နောက်ဆုံးဗျာ။ ဂူးဂဲလ်ရေ ငါတော့ပျင်းနေတယ်ဆိုရင်တောင် သီချင်းဆိုပြပါတယ်။ သုံးတတ်ဖို့ပဲလိုတာပါ။ ဆရာကြီးလုပ်နေတာမဟုတ် ပါဘူး။ သိသမျှကို မျှဝေတာသာဖြစ်ပါတယ်။social media တွေနဲ့ပဲ အချိန်တွေ မကုန်စေချင်တာ အဓိကပါ။ အခုလိုကျောင်တွေပိတ်ထားတဲ့အချိန်မှာ အင်တာနက်ကိုသုံးပြီး အကျိုးရှိရှိ ပညာတွေသင်ယူဖြစ်ကြစေဖို့ရည် ရွယ်ပါတယ်။

Comments