ထပ်ဆင့် မျှဝေ ပေးတာဖြစ်လို့ မှုရင်း ပြုလုပ်သူလည်း ဝမ်းမြောက်လိမ့်မယ်လို့ထင်ပါတယ်နော် ။ အချိန်ကုန် လူပမ်းခံပြီး ပြုလုပ်ထားတဲ့ မှုရင်း ပြုလုပ်သူကို လေးစားစာွ ဦးညွှတ် အသိအမှတ်ပြုပါတယ် ခင်မျာ။
အမေ့ကိုယ်စား ရေးတဲ့စာ
Catch 22 ဆိုတ ဲ့ ထူးထူးဆန်းဆန်း သိုးဆောင်း စကားလုံးတစ်ခု ရှိပါတယ်။ အဓိပ္ပါယ်ကတော့ အင်္ဂလိပ်လို အနီးစပ်ဆုံး ပြန်ဆိုရရင် Paradox ဖြစ်တ ယ်ပေါ့။ မြန်မာလိုဆိုရင်တော့ ရုန်းထွက်ဖို့ ဖြေရှင်းဖို့ ခက်တ ဲ့ ကျဉ်းထဲကြပ်ထဲရောက်နေတဲ့ အခြေအနေတ စ်ခုကို ပြောတ ာပေါ့။
ဥပမာ လူငယ်တ စ်ယောက်ဟ ာ အလုပ်တွေ လိုက်လျှောက်တ ယ်။ ဒါပေမယ့် သူ့မှာ လုပ်ငန်းအတွေ့အကြုံ မရှိလို့ အလုပ်က မရဘူး။ အလုပ်က မရတော့ လုပ်ငန်းအတွေ့အကြုံက မရှိဘူး။ အဲဒီလို သံသရာလ ည်နေတဲ့ အခြေအနေကို Catch 22 Situation လို့ ခေါ်တယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ယုံကြည်စိတ်ချရတဲ့ အရင်းအမြစ်ကနေ အမေစု နဂိုထ က်တောင် ပိန်သွားကြောင်း၊ အင်မတန် ခက်ခဲလှတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကြောင့်ရော၊ ဒီရက်ပိုင်းဖြစ်သ ွ ာ းတဲ့ ဦးကိုနီ လုပ်ကြံခံရမှုလို တိုင်းပြည်ကို စိန်ခေါ်လိုက်တ ဲ့ ကိစ္စမျိုးတွေမှာ ထိထိရောက်ရောက် စုံစမ်းစစ်ဆေးနိုင်ခွင့် မရတ့ ဲအတွက် ကိုယ်ရော စိတ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း၊
ပြည်သူတွေကိုလ ည်း အစိုးရအဖွဲ့ အနေနဲ့ ဘယ်လို အခက်အခဲတွေကြားကနေ ဘယ်လောက် ကြိုးစားလုပ်ကိုင်နေရတာကို သိစေချင်ကြောင်း သတင်းစကား ပါးလိုက်တ ာကို ကြားလိုက်ရတဲ့အခါ ဒီ Catch 22 ဆိုတ ဲ့ စက ားလုံးက ခေါင်းထဲကို ရောက်လာတာပါပဲ။
ဒီတိုင်းပြည်အတွက် အရေးအကြီးဆုံး ပြုပြင်ပြောင်းလဲရမယ့် အရာတွေကို လေ့လာကြည့်ရင် အမေစု အဖြစ်က အဲဒီ ကိစ္စတွေတိုင်းမှာ Catch 22 Situation နဲ့ ကြုံတွေ့နေရတာကို တွေ့ရလို့ ဒီစာကို
ရေးပါတယ်။
ဦးနှောက်ထ ဲက အချက်အလက်တွေနဲ့ ရင်ထ ဲ က ခံစားချက်တွေကို အိတ်သ ွ န်ဖာမှောက် ဖွင့်အန်လိုက်တာမို့ စာရှည်ပါတယ်။ ဒီစာကို အတော်ကြီး အလေးထား ရေးထ ားတာမို့
နှစ်ပိုင်းခွဲတင်ရင် ပေးချင်တဲ့ message ပေါ့သွားမှာ စိုးလို့ရယ်၊ share လုပ်ချင်သူတွေ အဆ င်မပြေမှာ စိုးတာရယ်ကြောင့် မခွဲတော့တာပါ။ အဆုံးထိဖတ်ပြီး သဘောမျှနိုင်မှသ ာ like ပေးပါလို့ မေတ္တာရပ်ခံပါတယ်။
.
.
.
၁) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆ င်ရေး
အခြေခံဥပဒေကို ပြင်ဆ င်နိုင်ဖို့ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆ င်ခြင်း အခန်း (၁၂) အတိုင်း ပြင်ဆ င်ကြဖို့၊ နိုင်ငံတော် အချုပ်အခြာ အဏာကို မထိခိုက်စေဘဲ ဥပဒေဘောင ် အတ ွ င်းမှ ပြင်ဆ င်ကြဖို့ ခြေ/ဥကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုသူများက ပြောကြ ားထားပါတ ယ်။
အဲဒီအခန်း (၁၂) ထ ဲမှာ ခြေ/ဥ ထ ဲက ပုဒ်မတွေကို ပြင်ဖို့ အဓိကအရေးအကြီးဆုံး သော့ချက်ဖြစ်တဲ့ ပုဒ်မ ၄၃၆ ပါဝင်နေတာဖြစ်ပါတယ်။ ပုဒ်မ ၄၃၆ မှာ ပုဒ်မခွဲ (က) နဲ့ (ခ) ပါဝင ်တ ယ်။
၄၃၆။ (က)
ဤ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏... အခန်း (၁) ပုဒ်မ ၁ မှ ၄၈ ထိ အခန်း (၂) ပုဒ်မ ၄၉ မှ ၅၆ ထိ အခန်း (၃) ပုဒ်မ ၅၉၊ ၆၀ အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁ အခန်း (၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆ အခန်း (၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀ အခန်း (၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ
အခန်း (၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဌာန်းချက်များကို ပြင်ဆ င်လိုလျှင်
"ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆ င်ရန် သဘောတူ လ က်ခံပြီးနောက် ပြည်လုံးကျွတ် ဆ န္ဒခံယူပွဲ ကျင်းပ၍ ဆ န္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထ က်ဝက်ကျော် ဆ န္ဒမဲဖြင့်သ ာ" ပြင်ဆ င်ရမည်။
၄၃၆။ (ခ)
ပုဒ်မခွဲ (က) တ ွ င်ဖော်ပြထားသည့် ပြဌာန်းချက်များမှအပ အခြားပြဌာန်းချက်များကို
"ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထေ ာက်ခံမဲဖြင့်သ ာ"
ပြင်ဆ င်ရမည်။
.
.
.
ဒီ ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က) ထ ဲမှာ ရွေးကောက်ပွဲ မတိုင်ခင်က ပြင်ဆ င်ဖို့ ခေတ်စားခဲ့တဲ့ ပုဒ်မ ၅၉ (စ) နဲ့ ပုဒ်မ ၄၃၆ အပါအဝင် အခြားအရေးပါတ့ ဲ ပုဒ်မတွေ အတော်များများ ပါနေတာ တွေ့ရပါလိမ့်မယ်။ အဲဒီ ပုဒ်မတွေကို ပြင်ချင်ရင် "လွှတ်တော်မဲခွဲခြင်း + ပြည်လုံးကျွတ် ဆ န္ဒခံယူပွဲ" ဆိုတဲ့ အဆင့် ၂ ဆ င့်ဖြတ်ရမှာ ဖြစ်ပြီး...
ပုဒ်မ ၄၃၆ ပုဒ်မခွဲ (ခ) မှာပါတဲ့ ပုဒ်မတွေကတော့ ပုဒ်မခွဲ (က) မှာ ဖော်ပြထားတ့ ဲ ပုဒ်မတွေလောက် အရေးမကြီးတ ာမို့ "လွှတ်တော်မဲခွဲခြင်း" ဆိုတဲ့ အဆင့် ၁ ဆင့်သ ာ ဖြတ်ရမှာဖြစ်ပါတယ်။ ဥပမာ ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က) ထဲမှာ ပါတဲ့ ပုဒ်မ ၅၉ (စ) ကို ပြင်ချင်တ ယ် ဆိုကြပါစို့။
"ပထမအဆင့်" လွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆ င်ရန် သဘောတူရပါမယ်။
၇၅ ရာခိုင်နှုန်းကျော်ရမယ် ဆိုတ ာ ဟ ာ အရပ်သားအမတ်ချည်း ၁၀၀ ရာခိုင်နှုန်း ရှိတဲ့ လွှတ်တော်မှာဆိုရင် ဖြစ်နိုင်ပါသေးတယ်။ ဒါတောင ် တော်တော်လေး မလွယ်ပါဘူး။
(၁၉၄၇ ခြေ/ဥမှာ ၆၇ ရာခိုင်နှုန်းနဲ့ ၁၉၇၄ ခြေ/ဥမှာတော့ ၇၅ ရာခိုင်နှုန်းက ပြင်ဆ င်ချင်ရင် ပြင်ဆ င်လို့ ရတယ်လို့ ပြဌာန်းခဲ့တ ာ ဖြစ်ပါတယ်)
တ စ်သွေးတစ်သံတ စ်မိန့်နဲ့ အမိန့်ပေးတ့ ဲအတိုင်းလုပ်ကြမယ့် တ ပ်မတော်သား လွှတ်တော်ကိုယ်စားလှယေ်တွ ၂၅ ရာခိုင်နှုန်း ပါနေတဲ့ လွှတ်တော်မျိုးမှာ ၇၅ ရာခိုင်နှုန်း ကျော်ရမယ်ဆိုတ ာ ဟ ာ...
ပါတီပေါင်းစုံက ရွေးကောက်တ င်မြှောက်ခံ အရပ်သား အမတ်အားလုံးက ညီညာဖျဖျ ထောက်ခံကြရမယ့်အပြင်...
တ ပ်မတော်သား လွှတ်တေ ာ်အမတ်တွေထဲက အနည်းဆုံး တစ်ယောက်က ချွန်ထ ွက်ပြီး သဘောတူရပါမယ်။
နိုင်ငံရေးအယူဝါဒ အမျိုးမျိုး၊ ဘ က် အမျိုးမျိုးနဲ့ ရပ်တ ည်နေကြတဲ့ ပါတီပေါင်းစုံက အမတ်တွေ တ စ်ယောက်မကျန် အားလုံး စိတ်တူညီပြီး သ ဘေ ာ တူကြဖို့ ဆိုတ ာ ဟ ာ လူ့ပြည်က အပ်တ စ်စင်းနဲ့
ဗြဟ္မာ့ပြည်က အပ်တ စ်စင်း ထိဖို့ဆိုတာမျိုး ဘယ်လောက်ခက်မလဲ စဉ်းစားကြည့်ပါ။ ဒီထ က်ဆိုးတာက လွှတ်တော်တ ွ င်းမှာ "လက်ရှိ ရှိနေတဲ့ အမတ်တွေ" ရဲ ့ ၇၅ ရာခိုင်နှုန်း မဟုတ်ဘ ဲ...
လွှတ်တော်ထ ဲ မှာ "ရှိဖို့ သ တ်မှတ်ထားတ့ ဲ အမတ်နေရာအားလုံး" ရဲ့ ၇၅ ရာခိုင်နှုန်း ဖြစ်ရမယ်ဆိုရင် ပိုတောင်ဆိုးသွားပါပြ။ီ
ဘာလို့ဆိုရင် မတည်ငြိမ်တဲ့ ဒေသတွေမှာ ရွေးကောက်ပွဲ မလုပ်ရသေးလို့ အမတ်နေရာ လ ွ တ်နေတာတွေ ရှိတ ယ်။ သေသွားတ့ ဲ၊ ဝန်ကြီးဖြစ်သ ွ ာ းတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို
ပြန်မရွေးရသေးတာတွေ ရှိမယ်။
အဲဒီတော့ အရပ်သား လွှတ်တော်အမတ်က စကတည်းကကို ၇၅ ရာခိုင်နှုန်း မပြည့်နိုင်ချေ များနေပါတယ်။ နဂိုကတည်းက ၇၅ ရာခိုင်နှုန်း မပြည ့်တဲ့ အမတ်တွေက အကုန်ထောက်ခံလ ည်း
"ပထမအဆင့်" ကိုတောင ် မကျော်ဖြတ်နိုင်လို့ ဘယ်လိုမှ ပြင်လို့ မရနိုင်ပါဘူး။
ကံကောင်းလွန်းလို့ အမတ်အရေအတွက် အပြည့်ရှိနေချိန်မှာ စည်းရုံးရေးကောင်းလွန်းလို့ အားလုံးရဲ့ ထောက်ခံမှုရပြီး ၇၅ ရာခိုင်နှုန်း ပြည့်သ ွ ာ းတ ယ် ဆိုရင်တောင်မှ...
တ ပ်မတော်သား လွှတ်တေ ာ်အမတ်တ စ်ယောက် ထောက်ခံမှ ပထမအဆင့် လိုအပ်ချက်ကို
ပြည့်မီမှာပါ။ တ ပ်မတော်သား အမတ်က လ ည်း သူ့သဘောနဲ့သူ လုပ်ရဲမလားဆိုတ ာ
တွေးသာကြည့်ကြပါ။
ဒီတော့ "ပထ မအဆ င့်" ကို ကျော်ဖြတ်ဖို့တောင် မဖြစ်နိုင်သ လေ ာ က်ပါပဲ။
.
.
.
"ဒုတိယ အဆ င့်"
ပထမအဆင့်ကို ကျော်နိုင်တာနဲ့ ပုဒ်မ ၅၉ (စ) ကို ပြင်လို့ မရသေးပါဘူး။ ဒုတိယ အ ဆ င့်အနေနဲ့ ပြည်လုံးကျွတ် ဆ န္ဒခံယူပွဲကို ကျင်းပပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထ က်ဝက်ကျော်က သဘောတူထောက်ခံမှသ ာ ပြင်နိုင်မှာပါ။
ဒီနေရာမှာ "ဆ န္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထ က်ဝက်ကျော်" ဆိုတာနဲ့ ထ ပ်ည စ်ပတ်ထားပြန်ပါတယ်။
"ဆ န္ဒမဲလာပေးသူ အားလုံးရဲ့ ထက်ဝက်ကျော်" မဟုတ်ပါဘူး။ ဘ ာက ွ ာပါသ လ ဲ?
တ ွ က်လို့လွယ်အောင် မြန်မာပြည်ရဲ့ ဆ န္ဒမဲပေးပိုင်ခွင့်ရှိသူဟ ာ ၁၀၀၀ ယောက် ရှိတ ယ်လို့ ထားပါ။ ဆ န္ဒခံယူပွဲနေ့မှာ ဆ န္ဒမဲ လာပေးသူ ၆၅၀ ရှိတ ယ်ထားပါ။ အဲဒီ ၆၅၀ အထ ဲ က ၄၅၀ က ထေ ာက်ခံပြီး ၂၀၀ က က န့်ကွက်မဲပေးတယ်ဆိုရင်...
လူ ၄၅၀ ဟ ာ ၆၅၀ ရဲ့ ၇၀ ရာခိုင်နှုန်း ဖြစ်တာမို့ "ဆ န္ဒမဲ လ ာပေးသူ အားလုံးရဲ့ ထ က်ဝက်" ကို ကျော်သွားပေမယ့်...
မဟာခြေ/ဥကြီးရဲ့ ဒုတိယအဆင့် ည စ်က ွ က်ဖြစ်တဲ့ "ဆ န္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထ က်ဝက်" ကိုတော့ မကျော်တော့ပါဘူး။ လူ ၄၅၀ ဟာ ဆ န္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၀၀၀ ရဲ့ ၄၅ ရာခိုင်နှုန်းပဲ ရှိတာမို့ ပထမအဆင့်ကို ကျော်ခဲ့ပေမယ့် ဒုတိယအဆင့်ကို မကျော်လွှားနိုင်လို့ ပြင်လို့ မရတော့ပါဘူး။
ဒါဟာ "ဘယ်ဆ န္ဒခံယူပွဲမ ှာမဆို ဆ န္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး တ စ်ယောက်မကျန် မဲပေးပွဲကို မဲလာပေးတာ မဟုတ်" ဆိုတ ဲ့ တစ်ကမ္ဘာလုံးမှာကို ကြုံနေရတ့ ဲ ဖြစ်ရပ်မှန်ကို အခွင့်အရေးယူ အသုံးချထားတာပါ။
.
.
.
ဒါကြောင့် ပြင်လို့ မရသော အခြေခံဥပဒေလို့ ဥပဒေ နားလ ည်သူအားလုံးက တ စ်ညီတ စ်ည ွ တ်တည်း
ဝေဖန်ကြတာပါ။
အဲလို ပုဒ်မ ၄၃၆ ကြောင့် ပြင်လို့မရသော ခြေ/ဥကို ပြင်နိုင်ဖို့ဆိုရင် ပုဒ်မ ၄၃၆ ကို အရင်ဆုံး ပြင်ရမှာ
ဖြစ်ပါတယ်။ ဒါပေမယ့် ပုဒ်မ ၄၃၆ ကို ပြင်ဖို့ သီးခြား ပုဒ်မ မထားဘ ဲ...
ပြင်ဆ င်ခြင်း ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က) ထ ဲ မှာပဲ ပြန်ထ ည့်ထားတာက တော်တေ ာ် ရုပ်ပျက်ဆ င်းပျက် ည စ်ထားတာ ဖြစ်ပါတယ်။
ဒါဟာ ဘာနဲ ့တူသ လ ဲ ဆိုတေ ာ့ အရေးကြီးတဲ့ ပစ္စည်းတွေထားထားတ့ ဲ အခန်းတစ်ခုကို တံခါးသော့ခတ်ပြီး ပိတ်ထားလိုက်တ ယ်။ ဒီပစ္စည်းတွေကို လိုအပ်လို့ ဝင်ယူမယ့်သူတွေကို တံခါးကို ဖွင့်ပြီး ယူဖို့ပြောတယ်။ ဒါပေမယ့် အဲဒီ တံခါးကို ဖွင့်ဖို့ သေ ာ့ကိုကျတော့ ပိတ်ထားတ့ ဲ အခန်းထဲမှာပဲ ထားထားတယ်။
ပိုင်ချက်က တေ ာ့ တကယ့် Catch 22 Situation ကို ဖန်တီးထားတာ ဖြစ်တယ်။
သော့မရရင် အခန်းတံခါး မဖွင့်နိုင်ဘူး။ အခန်းတံခါး မဖွင့်နိုင်ရင် သော့မရဘူး။ တ စ်နည်းပြောရရင် ပိတ်နေတဲ့တံခါးကို ဖွင့်ဖို့ သော့ကို တံခါးဖွင့်ပြီး ယူမှရမယ်တ ဲ့။ မဟုတ်တဲ့နေရာမှာ ကောင်းလိုက်တဲ့ ဉာဏ်နီ ဉာဏ်နက်။
သော့ရှိမှ ဖွ င့်ရမယ်ဆိုရင် ဘ ယ်တော့မှ ဖွင့်မရနိုင်တေ ာ့ပါ။ ရိုက်ဖွင့်မှသ ာ ရတော့မယ့်သဘော။ ဒါပေမယ့် အမေစုဟ ာ ဒီလ မ်းကို ဘယ်တော့မှ ရွေးမှာ မဟုတ်ပါဘူး။
.
.
.
(၂) ငြိမ်းချမ်းရေး
ဒီကိစ္စမှာလည်း အမေစုဟ ာ ကျဉ်းထဲကြပ်ထဲပါပဲ။ ထိလ ွ ယ်ရှလ ွယ်တ ဲ့ အရေးဖြစ်လို့ ထ င်မြင်ချက်တွေကို အသေးစိတ်မရေးဘဲ ဘယ်လို အခက်အခဲ ဖြစ်ရတယ် ဆိုတာကိုသ ာ ရေးပါမယ်။
ငြိမ်းချမ်းရေးရဖို့ ပထ မအဆ င့်အနေနဲ့ ဖြစ်နေတဲ့ စစ်ပွဲတွေကို ပြည်သူအများစုက ရပ်စေချင်ကြပါတယ်။ အမေစုအပေါ်လည်း အများကြီး မျှော်လ င့်ထားကြပါတ ယ်။
အကယ်၍ တ ပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟ ာ သ မ္မတ က ခန့်ထားတ့ ဲ ကာကွယ်ရေးဝန်ကြီးရဲ့ လ က်အောက်က ညွှန်ချုပ်သဘောမျိုးဆိုရင်တော့ ကိုယ့်ဘ က်ကိုယ် နိုင်နင်းစွာ
ကိုင်တ ွ ယ်ညွန်ကြားနိုင်တာမို့ ညှိနှိုင်းရမှာက တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ပဲ ရှိပါတော့မယ်။
ဒါပေမယ့် အမေစုရဲ့ အစိုးရဟာ တ ပ်မတော်ကို အမိန့်ပေးနိုင်တဲ့ အစိုးရမျိုး မဟုတ်ပါဘူး။ ဖွဲ့စည်းပုံအရ တ ပ်မတော်ဟ ာ အစိုးရလက်အောက်ခံ သဘောမျိုးပေမယ့် လ က်တွေ့မှာ ခြေ/ဥက ပေးထားတ့ ဲ တ ပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့်နဲ့ အာဏာစက်ဟ ာ ဘယ်သူက မှ ထိန်းချုပ်လို့ မရအောင် ကြီးမားနေပါတယ်။
သချင်္ာနည်းအရ အစိုးရက ၇၅ ရာခိုင်နှုန်း၊ တ ပ်မတေ ာ်ဘ က်က ၂၅ ရာခိုင်နှုန်း အာဏာခွဲဝေ အုပ်ချုပ်နေသလို ဖြစ်နေတော့ လွှတ်တော်ထ ဲ မှာ မဲခွဲရတဲ့ ကိစ္စတွေဆိုရင် ဒီချုပ်ဘ က်က အသာရလေ့ရှိပေမယ့်...
လွှတ်တော်နဲ့ မဆိုင်တဲ့ ကိစ္စတွေမှာ အစိုးရက တပ်မတော်ကို အမိန့်ပေးလို့ မရပါဘူး။
အထူးသဖြင့် စစ်ပွဲတွေရပ်ဖို့ ပြောဆိုရာမှာ အာဏာသက်ရောက်မှု မရှိကြောင်း အလွန်ထ င်ရှားပါတယ်။ သ မိုင်းတစ်လျှောက် ရန်ဘ က်လိုဖြစ်ခဲ့တဲ့ ပါတီကနေ ဖြစ်လ ာတဲ့ လ က်ရှိအစိုးရကို ထားလို့... တ ပ်မတော်ခေါင်းဆောင်တွေ ဖွဲ့စည်းခဲ့တဲ့ ပါတီက နေ ဖြစ်လာတဲ့ အရင်အစိုးရရဲ့ ခေါင်းဆောင်
နိုင်ငံ့ဥသျှောင် သ မ္မတကြီးဖြစ်တဲ့၊ တ ပ်မတော်မှာ စီနီယ ာ ဖြစ်ခဲ့ဖူးတဲ့၊ ကာချုပ်နဲ့ ဆ က်ဆံရေးကောင်းမွန်တဲ့ ဦးသိန်းစိန်ကိုယ်တိုင် စစ်ပွဲတွေရပ်ဖို့ ညွန်ကြားတာတေ ာင် အဆင်မပြေခဲ့တဲ့ သာဓက တွေ ရှိခဲ့ပါတယ် (ဒါကလည်း တ ပ်မတော်ဘ က်မှာ သူတို့ အကြေ ာင်းနဲ့ သူတို့ ရှိပါလိမ့်မယ်။ ဟိုတလောက ဖြစ်သွားတဲ့ မူဆ ယ်ဘ က်က အကြမ်းဖက်မှုတွေကလည်း တ ပ်မတော်ရဲ့ အခက်အခဲကို နားလည်ပေးစေနိုင်ပါတယ်)။
ဆိုလိုတာက မြန်မာပြည်လို ပြည်တ ွ င်းစစ် ပြသနာရ ှိနေတဲ့ အခြားနိုင်ငံတွေက
အစိုးရခေါင်းဆောင်တွေလို ကိုယ်က အစိုးရတပ်ဘ က်က ကိုယ်စားပြုပြီး တော်လှန်နေတဲ့တ ပ်ရဲ့ ခေါင်းဆောင်နဲ့ ညှိနှိုင်း ဆေ ွးနွေးရုံ မဟုတ်ပါဘူး။ အပစ်အခတ် ရပ်ပေးဖို့ အမိန့်ပေးနိုင်သူ မဟုတ်ပါဘူး။
အမေစုဟ ာ ကိုယ့်ရဲ့ အစိုးရတပ်ကို ပိုင်ပိုင်နိုင်နိုင် စီမံအမိန့်ပေးနိုင်ဖို့ အာဏာရှိဖို့ နေနေသာသာ...
ကိုယ့်ရဲ့ အစိုးရတပ်ကိုတောင် ကိုယ်စားမပြုနိုင်တဲ့ အနေအထားမျိုးမှာ ဆ န့်ကျင်ဘက်က တ စ်ဖွဲ့တည်းမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ လ က်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံနဲ့ တ စ်ပြိုင်တည်း ညှိနှိုင်းနေရတဲ့ အနေအထ ားဟ ာ ဘ ယ်လောက် ခက်ခဲမလဲ စဉ်းစားကြည့်နိုင်ပါတယ်။
သူ့ဘက်က တ ပ်နဲ့ ကိုယ့်ဘ က်က တပ် ညှိကြတာ မဟုတ်ဘ ဲ ၊ ငြိမ်းချမ်းရေးနဲ့ ပတ်သ က်ရင် ဘ ယ်လ က်နက်ကိုင်တ ပ်က မှ ကိုယ့်ဘ က်က မဟုတ်တဲ့အတွက် အမေစုအဖြစ်ဟ ာ..
တ စ်ယောက်တ စ်ပေါက် အငြင်းပွါး တေ ာင်းဆိုနေတဲ့ သားသ မီးတွေကို အားလုံးကျေနပ်အောင် ဘ ယ်လိုမှ လုပ်ပေးလို့ မဖြစ်နိုင်တဲ့၊ ဘ က်လိုက်လို့လည်း မရတဲ့ အမေတ စ်ယောက် နေရာကို
ရောက်နေရရှာပါတယ်။
ဒါတောင် တိုင်းရင်းသားတွေဘကက် အမေစုဟ ာ တ ပ်မတော်ဘ က် ပါနေတယ်လို့ စွပ်စွဲသေးတာပါ။
.
.
. အဲဒီထ က် ဆိုးတာကတော့...
တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က လက်ရှိ ခြေ/ဥဟာ ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံတ စ်ခုရဲ့ ခြေ/ဥမျိုး ဖြစ်လာမှသ ာ တကယ့် ငြိမ်းချမ်းရေးရနိုင်မှာမို့ ပြင်ပေးပါလို့ တောင်းဆိုနေကြတယ်။
အထက်မှာ တ င်ပြခဲ့သလို ခြေ/ဥ ပြင်ဆ င်ရေးဟာ မဘ သ တေ ွ မျိုးနှစ်တေ ွ စိုးရိမ်နေသလို ဖြစ်ဖို့နေနေသာသာ၊ လိုလိုလားလား ပေးပြင်ရင်တေ ာင် အရေးကြီး ပုဒ်မတွေပြင်ဖို့ကိစ္စဟ ာ ပုဒ်မ ၄၃၆ တ စ်ခုတ ည်းကို မကျော်နိုင်တာနဲ့ပဲ ဘ ယ်လိုမှ ပြင်လို့မရနိုင်ပါဘူး။ အဲဒီ မတရား ပုဒ်မ ၄၃၆ ကို ပြင်ဖို့ကိုလ ည်း ပုဒ်မ ၄၃၆ ကိုပဲ သုံးရမယ်ဆိုထားတ ာကြောင့် ခြေ/ဥ ပြင်ဆ င်ရေးဟာ mission impossible ဖြစ်ပါတယ်။
ဒီတော့ အမေစုဟ ာ ကာချုပ်နဲ့ ပြေလည်အောင် ကြိုးစားပြီး ငြိမ်းချမ်းရေး မရ ရအောင် ကြိုးစားရပါတော့တ ယ်။ ကာချုပ်ကလည်း ငြိမ်းချမ်းရေးရရင် တ ပ်မတော်ဟ ာ နိုင်ငံရေးကနေ ဆုတ်ခွါမယ်လို့ ဆိုထားတ ာကိုး။
အဲလို တ ပ်မတေ ာ်သား အမတ်တွေ လွှတ်တော်ထ ဲ က ဆုတ်ခွါသွားရင် ခြေ/ဥ ပုဒ်မ တစ်ခု ပြင်ချင်ရင် ထောက်ခံသူ ၇၅ ရာခိုင်နှုန်း ကေ ျာ်လ ွန်ရမယ်ဆိုတဲ့ ပထမအဆင့် လိုအပ်ချက်ကို ဖြည့်ဆ ည်းနိုင်ဖို့
ဖြစ်နိုင်လာပါလိမ့်မယ်။ ဒီနိုင်ငံမှာ ပြည်သူအများစုက အခြေခံဥပဒေ ပြင်ဆင်ရေးကို အထူးစိတ်ဝင်စားတာမို့ "ပထမအဆင့်" ကို ကျော်နိုင်ပြီဆိုရင် "ဒုတိယအဆင့်" ကိုတော့
ပြည်သူ့အားနဲ့ ကေ ျာ်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။
ဒါဟာ ၂၁ ရာစု ပင်လုံညီလာခံကို အမေစု အဓိကထားပြီး တွန်းအားပေး လုပ်ဆောင်နေတ့ ဲ အဓိက
မောင်းနှင်အား ဖြစ်ပါတယ်။
သို့သော် တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ခြေ/ဥ ပြင်မှ ငြိမ်းချမ်းရေးရမယ် ပြောပြီး တ ပ်မတော်ဘ က်က ငြိမ်းချမ်းရေးရမှ ခြေ/ဥ ပြင်မယ် ဖြစ်နေတော့ ဒါဟာလည်း Catch 22 Situation
နောက်တ စ်ခုပါ။
ဒီလောက်ဆို "ငြိမ်းချမ်းရေး မရရင် ခြေ/ဥ ပြင်ဖို့ မဖြစ်နိုင်၊ ခြေ/ဥ မပြင်ရင် ငြိမ်းချမ်းရေး မရနိုင်" ဆိုတဲ့ ဖြေရှင်းမရနိုငေ်လာက်တဲ့ deadlock အခြေအနေကိုလ ည်း အမေစု ရင်ဆိုင်နေရတယ်ဆိုတ ာ
မြင်နိုင်လောက်ပြီ ထ င်ပါတယ်။
.
. .
(၃) ခြစားမှုတိုက်ဖျက်ရေး၊ တ ရားဥပဒေ စိုးမိုးရေးနဲ့ အုပ်ချုပ်ရေး
အရင်အစိုးရ အဆက်ဆက်အပေါ် ပြည်သူတွေ အဓိက မကြိုက်တာက ခြစားမှု၊ အဂတိလိုက်စားမှုတွေ တ စ်နိုင်ငံလုံး လွှမ်းခြုံလှိုက်စားနေခဲ့လို့ ဖြစ်ပါတယ်။
ခြစားမှုတိုက်ဖျက်ရေးလုပ်မယ်ဆိုတဲ့ ဒီချုပ်အစိုးရအပေါ် ပြည်သူတွေက အမျှော်လ င့်ကြီး
မျှော်လ င့်ခဲ့ကြပေမယ့် လ က်ရှိအချိန်အထိ သိသာထင်ရှားတ့ ဲ အရေးယူမှုတွေ မတွေ့ရသေးဘူးလို့ ဝေဖန်နေကြပါတယ်။
သို့သော် ဒီအပိုင်းမှာလည်း ဒီချုပ်အစိုးရဟာ "ခြစားလို့ တိုင်းပြည်ဆ င်းရဲတယ်။
တိုင်းပြည်ဆင်းရဲတော့ ခြစားမှုတွေ ရှောင်လွှဲမရဘူး" ဆိုတဲ့ နောက်ထ ပ် Catch 22 Situation တစ်ခု
အောက်မှာ ရှိနေပြန်ပါတယ်။
ဒီနေရာမှာ "အရင်အစိုးရတွေလည်း ဒီအခြေအနေကို ရင်ဆိုင်ခဲ့ရတာ မဟုတ်လား။ အဲဒီတုန်းကတော့ အဲဒီအစိုးရတွေကို မင်းတို့ပဲ ဝေဖန်ခဲ့တာပဲလေ။ အခု ဒီချုပ်အစိုးရကျမှ ဖာနေတာလား" လို့
မေးချင်ပါလိမ့်မယ်။
အခြေအနေက တူပေမယ့် ဖြစ်စေတဲ့ နောက်ခံအကြောင်းရင်း လ က်သ ည်တွေက မတူပါဘူး။
စီးရီးလိုက် အာဏာသိမ်းမှုတွေ မစခင ် လွတ်လ ပ်ရေး ရပြီးစ ပါလီမန် ဒီမိုကရေစီခေတ်တုန်းက မြန်မာနိုင်ငံဟ ာ အရှေ့တောင်အာရှမှာ ချမ်းသာတဲ့၊ တိုးတက်တဲ့၊ ပည ာရေးမြင့်တဲ့ နိုင်ငံ ဖြစ်ခဲ့ဖူးပါတယ်။
၁၉၆၂ ကနေစပြီး တိုင်းပြည်ကို တ စ်ဗိုလ်တ က် တစ်ဗိုလ်ဆ င်း က ယ်တ င်လိုက်တ ဲ့ ဗိုလ်ချုပ်ကြီးတွေ အဆက်ဆက် လ က်ထက်မှာမှ ဒီနေ့လို အဆ င်းရဲဆုံး၊ ခြအစားဆုံး စာရင်းဝင် နိုင်ငံအဖြစ်ကို တ စ်စတစ်စ နိမ့်ေ လ ျာက ျဆ င်းသွားရတာ ဘ ယ်သူမှ ငြင်းမရတဲ့ အမှန်တရားဖြစ်ပါတယ်။ ဒီလို နှစ် ၅၀ ကျော် စီမံခန့်ခွဲမှုအမှားတွေနဲ့...
ချမး်သာပြီး ခြစားမှုနည်းတဲ့ တိုင်းပြည်ကို ဆ င်းရဲစ ုတ်ပြတ်စေခဲ့၊ တိုင်းသူပြည်သ ာ းတေ ွကို ပညာရေးနဲ့ စာရိတ္တပါ နိမ့်ကျစေခဲ့ခြင်းဟာ "ဆ င်းရဲတော့ ခိုးတယ်၊ ခိုးတော့ ဆ င်းရဲတယ်" ဆိုတဲ့ vicious cycle ကြီးကို စတင်သန္ဓေတ ည်စေခဲ့တာမို့...
အဲဒီ ပြည်ဖျက်မုဒိမ်းမှုကို ကျူးလွန်ခဲ့တဲ့ အရင်အစိုးရ အဆ က်ဆ က်ဟ ာ ဒီနေ့ဖြစ်နေတဲ့ "ခြစားမှု Catch 22 Situation" ဆိုတဲ့ မလိုချင်ဘဲရလ ာတ့ ဲ ကိုယ်ဝန်အတ ွ က် တာဝန်ရှိသူ လ က်သ ည်တွေ
ဖြစ်ပြီး...
ဒီချုပ်နဲ့ အမေစုက တေ ာ့ သူတို့ မကျူးလွန်ခဲ့တဲ့ အမှားကိုယ်ဝန်အတွက် လှည်းကျိုးဝင်ထ မ်းရတာဖြစ်လို့ သဘောသဘာဝချင်း လုံးဝ မတူပါဘူး။
.
.
.
ပိုဆိုးတာက အဲဒီ ခြစားမှုတွေကို ကျူးလွန်သူတွေထဲမှာ တိုင်းပြည်အုပ်ချုပ်ခဲ့သူ အကြီးအမှူးတွေက ကိုယ်တိုင်ပါဝင်ပြီး တ စ်ပြားမှ မရှိတ ဲ့ အညာသားတေ ွ ဘ ဝက နေ ဆယ်သ က်စားမကုန်ဘူးဆိုတဲ့ အဆင့်မက ဒီတိုင်းပြည်ကို ပြန်ဝယ်လို့ ရလောက်အောင်ကို ချမ်းသာတဲ့ သူကြွယ်အုပ်စုကြီး ဖြစ်သွားခ့ ဲကြတာကို ပြည်သူအများက လ က်တွေ့မျက်တွေ့ ခါးခါးသီးသီး သိလိုက်ကြရတာပါပဲ။
အောက်ခြေဝန်ထ မ်းလေးတွေက ထ မင်းဝဖို့အတွက် နာမည်ပျက်ရုံ ခိုးနေချိန်မှာ သူတို့ကတော့ တ စ်တိုင်းပြည ်လုံး ရနိုင်သ မျှ အားလုံး ယူငင်ပြီး တိုင်းပြည်ကို အခွံချည်း ချန်ထားခဲ့တာဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်က ခိုးနေတော့ ညောင်မြစ်တူး ပုတ်သ င်ဥပေါ်မှာ စိုးရိမ်ပြီး ခြစားမှုကို မထိရဲမကိုင်ရဲတော့ဘ ဲ ခြစားနေသူတွေရော၊ ခြစားမှုကို တိုက်ဖျက်မယ့်သူတွေရော တက်ညီလ က်ညီ အတူတူခြစားတ့ ဲ ခေတ်ကြီး ဖြစ်နေခဲ့တာပါ။
ဒီအခြေအနေတွေကို ဆက်ခံပြီး တိုင်းပြည်ကို ပြန်လ ည် ထူထောင်ရမယ့် ဒီချုပ်အစိုးရလက်ထ က်မှာတော့...
အရင်ခေတက် ခြစားသူ ဝန်ထ မ်းတွေဟာ "ဖြုတ် ထုတ် သတ် မလုပ်ပါဘူး" ဆိုတ ဲ့
လူထုခေါင်းဆောင်ရဲ့ မေတ္တာလမ်းစဉ်အရ နဂိုအတိုင်း နဘယံ ဘေးမရှိဆိုတဲ့ အခြေအနေအောက်မှာ သိပ်မပြောင်းလဲသေးပေမယ့်...
ခြစားမှုကို တိုက်ဖျက်မယ့်သူများဖြစ်တဲ့ အစိုးရ ထိပ်တ န်းအဖွဲ့ဝင်တွေ၊ အမတ်တွေဟာတော့ စစ်အာဏာရှင်ခေတ်နဲ့ ဆ န့်ကျင်စွာ ခြစားမှု အင်မတန် က င်းရှင်းတဲ့ အခြေအနေကို ရောက်နေကြပါပြီ။ ဒီချုပ်က ခန့်အပ်ထားတဲ့ ထိပ်တ န်းအရာရှိထ ဲက ခြစားသူတွေ ရှိခဲ့ရင်လ ည်း စုံးစမ်းစစ်ဆေ းပြီးတာနဲ့ အရေးယူတဲ့ သာဓကကေ ာင်းတွေ ရှိနေပြီလ ည်း ဖြစ်ပါတယ်။
အခက်အခဲတွေရှိလို့ အောင်မြင်အောင ် မလုပ်ဆောင်နိုင်သေးတ ာက အောက်ခြေဝန်ထမ်း အဖွဲ့အစည်းကြီးရဲ့ ခြစားမှု ပြသနာတွေ ဖြစ်ပါတယ်။
ဖန်ခွက်ထ ဲ မှာ ရေတစ်ဝက်တောင် ရှိတ ယ်လို့ အကောင်းမြင်တတ်သူတွေကတော့ "ခေါင်ကတော့ လုံသွားပြီ။ အောက်ခြေ ခြစားတဲ့ တိုင်တွေပဲ လဲရတော့မယ်" လို့ မြင်ပေမယ့်...
ဖန်ခွက်ထ ဲ မှာ ရေတစ်ဝက်ပဲ ရှိတ ယ်လို့ အဆိုးမြင်တဲ့ သူတွေကတော့ "ခြစားမှုကို အခုထိ မရှင်းနိုင်သေးဘူး။ အရင်အစိုးရနဲ့ ဘာမှ မထူးဘူး" လို့ အောက်တ န်းစားဆန်ဆ န် စိတ်ဓာတ်တွေကို
ပေါ်ပေါ်ထင်ထ င် လှစ်ဟပြကြပါတယ်။
တကယ်တော့ အဲ ဒီ "ခြစားမှု သံသရာ" အတွက် တကယ့် တ ာဝန်ရှိသူတွေဟာ တာဝန်မခံ၊ တာဝန်မယူကြတ့ ဲအပြင် နောက်ကြောင်းပြန် အရေးမယူရေးအတွက် အမျိုးမျိုးသော ဥပဒေတွေ ပြဋ္ဌာန်း၊ ကတိကဝတ်တွေ အမျိုးမျိုးတောင်းပြီးမှ အစိုးရသစ်လ က်ထ ဲ ကို အာဏာလွှဲခဲ့တာဖြစ်ပါတယ်။
.
. .
"နောက်ကြောင်း မပြန်ရရင်လ ည်း ရှေ့ဆက်ဖြစ်နေတ့ ဲ ခြစားမှုတေ ွ ကို တိုက်ဖျက်ပါတော့လား" လို့ ထောက်ပြချင်ကြမယ် ထင်ပါတယ်။
"ခြေ/ဥ ပြင်ဆ င်ရေး၊ ငြိမ်းချမ်းရေးတွေက ကိုယ့်ခြေ ကိုယ့်လ က် လုပ်မရလို့ ထားပါတော့။
တရားဥပဒေ စိုးမိုးရေး၊ တိုင်းပြည် စီးပွါးရေးနဲ့ ခြစားမှုနဲ့ အုပ်ချုပ်ရေးတွေက လုပ်ပိုင်ခွင့်ရှိတဲ့
ဘောင်ထ ဲက လုပ်လို့ရနေတာပဲ။ ဘာလို့ မတိုးတက်သ လ ဲ" လို့ ဝေဖန်သူတွေလည်း ရှိပါတယ်။
သူတို့ပြောတာ သဘောတရားအရ မှန်ပါတယ်။ လ က်တွေ့လုပ်ဆောင်နေသူတွေအတွက် မလွယ်ပါဘူး။
အောက်ခြေဝန်ထ မ်း အဖွဲ့အစည်းတွေထဲမှာ ရာထူးကြီး ယူထားသူ ရာခိုင်နှုန်းအတော်များများဟာ မိုးကျရွှေကိုယ်တွေပါ။
ခြစားမှု၊ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေးပိုင်း၊ စီးပွါးရေးပိုင်းတွေမှာ အထက်က ပေါ်လစီချမှတ်သူတွေဟာ ဒီချုပ်က လူတွေဖြစ်ပေမယ့် အောက်ခြေမှာ လက်တွေ့ အကောင်အထည်ဖော်နေသူေ တ ွ ဟ ာ အဲဒီ မိုးကျရွှေကိုယ်တွေ ဖြစ်ပါတယ်။
မိုးကျရွှေကိုယ်တွေထဲမှာ အမြဲတမ်းအတွင်းဝန်တွေ၊ ညွန်ချုပ်တွေ၊ ညွန်ကြားရေးမှူးတွေ၊ ဌာနမှူးတွေ စသဖြင့် ရာထူးကြီး ယူထားကြသူ အတော်များများဟာ အစိုးရဟောင်းတွေက ဂေါ်ဇီလာကြီးတွေရဲ့ သားတပည့်တွေသာ များပါတယ်။ အဲဒီ ဂေါ်ဇီလာကြီးတွေရော သူတို့ရဲ့ သားတပည့်တွေဟာ ၁၉၈၈ ကစလို့ ဒီကနေ့ထိ လ ွန်ဆွဲလ ာခဲ့တဲ့ ဒီမိုကရေစီတိုက်ပွဲအတွင်း နှစ်ပေါင်း ၃၀ နီးပါး အမေစုကို ရန်သူလို မြင်ခဲ့ကြတ့ ဲသူတေ ွ ဖြစ်ပါတယ်။
အဲဒါကြောင့် ထ င်မှတ်မထားဘဲ အာဏာလက်လွှတ်ရချိန်မှာ ပိုလို့သာ အမုန်းတွေ ပွါးလာပါတော့တ ယ်။ သွားလေသူ ဂေါ်ဇီလာကြီးတွေကို နောက်ကြောင်းမပြန်ရ ဥပဒေတွေက အကာအကွယ်ပေးထားချိန်မှာ အကာအကွယ်မရသူ သားတပည့်တ စ်သိုက်ကတော့ ငါတို့ကို အစိုးရသစ်ကများ အညှိုးထား အရေးယူမလားလို့ ရင်တ ထိတ်ထိတ်နဲ့ နေခဲ့ရပါတယ်။
သို့သော် လက်တွေ့မှာ အမေစုရဲ့ မေတ္တာနိုင်ငံရေးလမ်းစဉ်အရ အရေးယူမခံရ၊ အလုပ်ဖြုတ်ပြီး ဒီချုပ်ကို သစ္စာခံသူတေ ွနဲ့ အစားထိုးခြင်း မခံရတဲ့အခါမှာ အဲဒီ မိုးကျရွှေကိုယ်ေ တ ွ ဟ ာ ကျေးဇူးမတင်တဲ့အပြင် သူတို့အနေအထားကို သူတို့ မာန်တ က်လာတဲ့အတွက်
ဒေါ်အောင်ဆ န်းစုကြည်ကို "ဒေါ်စုကြည်" လို့ပဲ ဆက်ခေါ်ပါတယ်။ သူတို့ကိုယ်တိုင် မလေးမစား မိုက်ရိုင်းရုံမက သူတို့ရှေ့မှာ လက်အောက်ငယ်သားတွေက "အမေစု" လို့ ခေါ်မိရင်ကို
ခေါ်ကြိမ်းမောင်းပါတယ်။ ပိုမိုက်ရိုင်းသူတွေက ကုလားမယား၊ ကုလားမလို့တောင် သုံးနှုန်းကြပါတ ယ်။
သ မ္မတ ရုံးက အစ၊ ပြန်ကြားရေး အလယ်၊ ပည ာရေး အဆုံး ရှိသမျှ ဌာနတိုင်းက ဒီလို အမေစု မုန်းတီးရေး စိတ်ဓာတ်မျိုး ရှိနေတဲ့ မိုးကျရွှေကိုယ် အများစုဆီက သူတို့ မုန်းတဲ့သူ ဦးဆောင်နေတဲ့ အစိုးရသစ် နာမည်ကောင ်းရသွားစေမယ့် စွမ်းဆောင်မှုကောင ်းတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေကို ဘ ယ်လိုမှ မမျှော်လ င့်နိုင်ပါဘူး။ ဒီလို အကျင့်စရိုက်ရှိတဲ့ သူတွေဟာ တိုင်းပြည်ကောင်းဖို့ အကျင့်ပျက်ခြစားတာတွေကို ပြုပြင်လိုက်ဖို့လည်း ဘ ယ်လိုမှ စိတ်ကူးရှိလာစရာ အကြေ ာင်းမရှိပါဘူး။
မိုးကျရွှေကိုယ်တွေသာမက ခိုးသားကျနေတ့ ဲ အရပ်သား ရာထူးကြီးတွေကလည်း ဖြုတ် ထုတ် မသတ်တ ာ သေချာလာချိန်မှာ ပြန်ခိုးမြဲ၊ ခြစားမြဲ၊ အဂတိလိုက်စားမြဲ ဖြစ်လာပါတယ်။
အစိုးရသက်တ မ်း တ စ်နှစ်နီးပါး ရှိလာချိန်မှာ အလွန်နည်းပါးသော ရာထူးကြီး ဝန်ထ မ်းအချို့ကသာ အမေစု စေတနာကို နားလ ည်လာပြီး အစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်လာသော်လ ည်း အများစုက တေ ာ့ ဆ က်လ က်ဒုက္ခပေးလို့ ကောင်းတုန်းပဲ ဖြစ်ပါတယ်။
ဒီလို ဖြစ်နေတာတွေကို ကျော်လွှားနိုင်ဖို့ဆိုရင် အမေစုဟ ာ အကုန်လုံးကို ဖြုတ်ပစ်ပြီး လူစားလဲဖို့ပဲ ရှိပါတော့တ ယ်။
.
.
.
လ က်တွေ့မှာ အဲ ဒီလို လုပ်ဖို့လည်း မဖြစ်နိုင်တဲ့ က ျဉ်းထဲကြပ်ထ ဲ ရောက်နေပြန်ပါတယ်။ ဒီလို ရောက်နေရတာဟာ... တ စ်အချက် ကိုယ့်လူတွေကြောင့် ဖြစ်ပြီး...
နှစ်အချက်အနေနဲ့ အာဏာရှင်ရဲ့ အမွေဆိုးဖြစ်တဲ့ အကျင့်ပျက် ဝန်ထ မ်းတွေကို စိတ်ရှိသ လို လုပ်ပစ်လို့ မရတဲ့ အခြေအနေကြောင့် ဖြစ်ပါတယ်။ ကိုယ့်လူတွေကြောင့်ဆိုတာက...
အပြင်လောကမှာ အမြဲတမ်းအတွင်းဝန်တွေဟာ အစိုးရကို ကန့်လန့်တိုက်နေတယ်လို့ နာမည်ဆိုးနဲ့ ကျော်ကြားနေပေမယ့်...
အုပ်ချုပ်ရေးကို အခုမှ နဖူးတွေ့ ဒူးတွေ့ ကြ ုံရတဲ့ ဝန်ကြီးအချို ့ ဟ ာ အတွင်းဝန်တွေကို ဖြုတ်ပစ်ဖို့ နေနေသာသာ သက်ပြည့်ပင်စင်သွားရတော့မယ့် အတွင်းဝန်တွေကိုတောင် သက်တ မ်းတိုးပေးပြီး အားကိုးအားထားပြုနေရတယ်လို့ ဆိုပါတယ်။
ဒါဟာ တိုင်းပြည်အုပ်ချုပ်ရေးကို အာဏာရှင်အဖွဲ့အစည်း တ စ်ခုတ ည်းက နှစ်ပေါင်းများစွာ လ က်ဝါးကြီးအုပ်လာခဲ့လို့ ဖြစ်လာတဲ့ ဆိုးရွားတဲ့ အကျိုးဆက်ဖြစ်ပါတယ်။
ပါလီမန်ဒီမိုကရေစီစနစ်ကို ဖျက်သိမ်းပြီး အာဏာသိမ်းခြင်းသာ မခံခဲ့ရရင် အခုအချိန်မှာ အုပ်ချုပ်ရေးအတွေ့အကြ ုံရှိ ပါတီကြီး နှစ်ခု သုံးခုလောက် အလှည့်က ျ အစိုးရလုပ် အုပ်ချုပ်နေတ့ ဲ ကမ္ဘာနဲ့ ရင်ဘောင်တ န်းနိုင်တဲ့ တိုင်းပြည်ဖြစ်နေလောက်ပါပြီ။
ကိုယ့်ဘ က်က မကောင်းတ ဲ့သူတွေကို လဲပစ်ပါလားလို့ ဦးနှောက်မရှိတဲ့ အတိုက်အခံတွေ၊ ဉာဏ်တုံးတဲ့ ဂျာနယ်ည စ်တွေက ပိန်းတိန်းတိန်း အပြစ်ပြောနေပေမယ့် လက်တွေ့မှာ ဝန်ကြီး၊ ဒုဝန်ကြီး၊ ညွှန်ချုပ်အဆင့် အုပ်ချုပ်ရေး အတွေ့အကြ ုံရှိသူဟ ာ အရပ်သ ာ းထ ဲ မှာ မရှိသလောက်ပါ။ အရည်အချင်းရှိသူအချို့ကို က မ်းလှမ်းတော့လ ည်း မုန့်ဝေတော့မရဘဲ တုတ်ဝေမှ ရမယ့် ဒီချုပ်ဝန်ကြီးနေရာကို မလုပ်လိုကြပါဘူး။
လူမရှိလ ွ န်းလို့ တ ပ်ဘ က်က အရည်အချင်းရှိသူအချို့ကို က မ်းလှမ်းတော့လ ည်း သူတို့ဘက်ကို သ စ္စာဖောက်တ ယ် ဖြစ်မှာစိုးလို့ အမေစုလ က်အောက်ကို ခိုလှုံသူ ရှားပါတယ်။
.
. .
နှစ်အချက်ဖြစ်တဲ့ ခြစားသူ၊ က န့်လန့်တိုက်နေသူ၊ အတွင်းသူလျှိုလုပ်ပြီး ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်နေသူတွေကို အရေးယူဖို့ ခက်တ ယ်ဆိုတာက အဲ ဒီသူေ တ ွ ဟ ာ ပေါ်ပေါ်တင်တ င် မဟုတ်ဘ ဲ သိသာသိစေ မမြင်စေနဲ့ ဆိုတ ဲ့ လုပ်နည်းကိုင်နည်းနဲ့ ပူးသတ်နေလို့ ဖြစ်ပါတယ်။
သူတို့ဟာ အစိုးရကို ဒုက္ခပေးနေမှန်း၊ ခြစားနေမှန်း သိသ ာနေရင်တောင် သ က်သေမပြနိုင်ဘူး
ဖြစ်နေပါတယ်။
အစိုးရသစ်ဟ ာ အာဏာရှင်အစိုးရ မဟုတ်တာမို့ အပြစ်ကို မဖော်ထုတ်နိုင်ဘ ဲ အထင်နဲ့ အသားလွတ် အလုပ်ထုတ်ပစ်တာမျိုး လုပ်လို့မရသလို လုပ်မှာလည်း မဟုတ်ပါဘူး။ ဘယ်သူ ဘယ်ဝါဟာ အစိုးရ ယ န္တရားကို အတော်လေးကို အနှောင့်အယှက်ပေးနေလို့ လူလဲပေးပါလို့ တင်ပြရင်တောင ် မေတ္တာတရား ရှေ့ထားတဲ့ အမေစုဟ ာ သ က်သေမရှိဘ ဲ မလုပ်ပါနဲ့ သနားပါတယ်လို့ ပြောကြောင်း ပြန်ကြားရပါတယ်။
ဒီလို ဘောင်အတွင်းက ည စ်ပတ်ယုတ်မာတာကို ခံနေရတဲ့ အခြေအနေတွေ အောက်မှာ ရုန်းကန်နေရတ့ ဲ အစိုးရသစ်ကို ဝန်းရံကူညီရမယ့်အစား...
တရားဥပဒေစိုးမိုးရေး တိုးတက်လာအောင် မလုပ်နိုင်ဘူးဆိုပြီး အာဏာခွ က်ပျောက်တွေကရော၊ ဒီချုပ်ကို ဝေဖန်မှ ထမင်းဝမယ် ထ င်နေတဲ့ လူမိုက်သား ရမ်းကား ငတ်လို့လုပ်စားတဲ့ ဂျာနယ်လ စ်အချို့က ဝင်ဟောင်ကြပါသေးတယ်။
တကယ်တော့ ခြစားမှုတွေ၊ ရာဇဝတ်မှုတွေကို သေ ချာကိုင်တ ွယ်ဖို့ တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်ရတဲ့ က ာက ွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာစတ ဲ့ သုံးဌာနမှာ အစိုးရကို တကယ် သ စ္စာခံမယ့် ဝန်ကြီးတွေကို အစိုးရက တိုက်ရိုက်ခန့်ခွင့် ရရမှာ ဖြစ်ပါတယ်။
အခြေခံဥပဒေအရ သ မ္မတ ကို တ ာဝန်ခံတ ယ် ဆိုပေမယ့် လက်တွေ့မှာ ဘ ယ်သူ့ အမိန့်ကို နာခံနေတယ်ဆိုတ ာ အားလုံးလည်း သိပြီးသားဖြစ်ပါတယ်။ ဝက်မည်းတို့လို စစ်လော်ဘီတွေက ဝန်ကြီးသုံးယောက်ကို ခန့်အပ်သူဟာ ကာချုပ်ဖြစ်ပေမယ့် သမ္မတ ကို တာဝန်ခံရပြီး သမ္မတအမိန့်ကို နာခံရမှာမို့ ကိုယ်လိုသ လို ခိုင်းလို့ရတယ်၊ မကြိုက်ရင် ဖြုတ်ပစ်လို့ ရတယ်။ ကိုယ့်အစိုးရအဖွဲ့ထဲ ပါနေသူတွေကို မခိုင်းနိုင်ရင်၊ မကြိုက်လို့ မဖြုတ်နိုင်ရင် အမေစု ညံ့လို့ပဲ။ ကာချုပ်
ခန့်ထားတ့ ဲသူတွေမို့ဆိုပြီး ဆင်ခြေပေးလို့ မရဘူး" လို့ ငပိန်းတွေကို အမြဲမှိုင်းတိုက်နေပါတယ်။ ဒါကို ဂျာနယ်လ စ်အမည်ခံ ငပိန်းတွေက ပါးစပ် မေထုံကူးပြီး အစိုးရနဲ့ အမေစုကို တိုက်ခိုက်ချင်တိုင်း ဒီစကားတွေကို ပြန်သုံးပါတယ်။
ဒီချုပ် ထောက်ခံသူတွေဟာ ဒီကိစ္စနဲ့ ပတ်သ က်ပြီး အမြဲပြန်ရှင်းခဲ့ပေမယ့် သိသ ာ ထ င်ရှားတ့ ဲ သ က်သေမပြနိုင်ခဲ့တော့ ဘ တ စ်ပြန် ကျားတစ်ပြန်ပါပဲ။
.
.
.
အခု အဲဒီ စစ်လော်ဘီတွေရဲ့ မှိုင်းတိုက်ချက်တွေကို ဦးကိုနီ လုပ်ကြံခံရမှုက ပြတ်ပြတ်သားသ ား
နှာနုရိုက် ချေဖျက်ပြလိုက်နိုင်ပါပြီ။
ဦးကိုနီကိစ္စမှာ ကိုယ်တ စ်ယောက်တ ညး်ရဲ့ သဘောထားအမြင်အရ တ ပ်မတော်နဲ့ လုံးဝ မသက်ဆိုင်ဘူးလို့ မြင်ပါတယ်။ ဒါပေမယ့် တ ပ်ထ ွက်တွေ၊ အစွန ်းရောက် မျိုးချစ်အဖွဲ့တေ ွ ပါဝင်တဲ့ တ စ်ခု သို့မဟုတ် တ စ်ခုထ က်ပိုတဲ့ အလွန်အင်မတန်ကြီးမားတ့ ဲ ဒုစရိုက်က ွ န်ယ က်ကြီး ပါဝင်ပတ်သက်နေတယ်လို့တော့ ယူဆရပါတယ်။
တ ပ်နဲ့ မဆိုင်ပေမယ့် တပ်ထ ွက်တွေပါနေတာမို့ တ ပ်မတော်ကိုယ်တိုင် အမှုစစ်ဆေးရေးမှာပါဝင်ပြီး သ တိထားကိုင်တ ွယ်နေတာကို တွေ့ရပါတယ်။ ဒီလို စစ်ဆေးနေတာ၊ ထုတ်ပြန်တာအားလုံးကို သ မ္မတ ရုံးအမည်တ ပ်ပြီး လုပ်နေသော်လ ည်း တ ပ်နဲ့ ပြည်ထဲရေးကသာ သူတို့ခြေ သူတို့လက်နဲ့ အားလုံးကို သူတို့ စိတ်တိုင်းကျ လုပ်ဆောင်နေတာ ဖြစ်ပြီး သ မ္မတနဲ့
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ဟာ ဘာမှ ဝင်ရောက်စွက်ဖက်နိုင်တ ာ မရှိပါဘူး။ သူတို့ တ င်ပြသမျှကိုသ ာ လက်ခံနားထောင်ရုံသ က်သ က်မို့ ဦးကိုနီတ စ်လပြည့်ပွဲတုန်းက ရင်ကြားစေ့ရေးကို အင်မတန် အလေးထားတ့ ဲ အမေစုတေ ာင်မှ "လုပ်သ င့် လုပ်ထိုက်သ ည်ကို မလုပ်ရဲသည့်အချိန်တ ွ င်၊ မလုပ်သ င့် မလုပ်ထိုက်သ ည်ကို ကြောက်၍ မလွန်ဆ န်ရဲ" ဆိုသော အခြေအနေကို ကြိတ်မနိုင် ခဲမရ ပွင့်အန် ပြောထွက်လာရတ ာဖြစ်ပါတယ်။
ဒီ ဥပမာကို ပေးရတာကတော့ တ ပ်မတော်ဟ ာ သူတို့ဂုဏ်သိက္ခာ က ျဆ င်းစေမယ့် ဘယ်အရာကိုမှ လ က်မခံနိုင်ဘူး ဆိုတာကို မြင်သာစေဖို့ ဖြစ်ပါတယ်။
ဒီတော့ တ ပ်ကခန့်ထားသော ဝန်ကြီးသုံးပါး၊ အမြဲတမ်း အတွင်းဝန်တွေ၊ ညွှန်ချုပ်တွေနဲ့ အခြားရာထူးကြီး ယူထားသူတွေကို မကြိုက်ရင် ဖယ်ရှားလို့ရသားပဲလို့ စာအုပ်ကြီးအတိုင်း မစင်ဦးနှောက်နဲ့ ပြောနေသူတွေဟာ ဘယ်တော့မှ နိုင်ငံရေး၊ နိုင်ငံအုပ်ချုပ်ရေးကို အောင ်မြင်အောင် လုပ်ဆောင်နိုင်မယ့်သူတွေ မဟုတ်ဘူးလို့ အတိအကျ ပြောလိုက်ချင်ပါတယ်။
သူတို့ဟာ လူတ စ်ဦးတစ်ယောက်ရဲ့ စိတ်ထ ဲ ကို ထိုးဖောက်ဝင်ရောက်ပြီး ကိုယ်စား ခံစားကြည့်နိုင်စွမ်းရှိသေူတွ မဟုတ်ပါဘူး။ အမေစုမှာတော့ အဲဒီ အရည်အချင်းဟာ ကြီးမားစွ ာရှိနေပါတယ်။ ဒါက သူတို့ကို လူထုက ဘာလို့ မုန်းပြီး၊ အမေစုကို လူထုက ဘာလို့ ချစ်ကြသလဲဆိုတာရဲ့ အဖြေပါပဲ။
အရာရာကို ရလဒ်ဦးစားပေးပြီး လူတ စ်ဖက်သားရဲ့ ခံစားမှုကို ကိုယ်ချင်းစာမပေးနိုင်သူ EQ နိမ့်သူတွေဟာ ရေရှည်အောင်မြင်မှု မရနိုင်ပါဘူး။ အမေစုဟ ာ တိုင်းပြည်ခေါင်းဆောင်လို့ မြင်နေရပေမယ့် power balance ကို ကာချုပ်နဲ့ မျှခြေယူနေရတာဖြစ်ပါတယ်။
စစ်အာဏာရှင် ၁၀၀ ရာခိုင်နှုန်း ထိန်းချုပ်ထားတဲ့ တိုင်းပြည်ကို ၅၀ ရာခိုင်နှုန်းလောက် အရပ်သားအစိုးရအနေနဲ့ အုပ်ချုပ်နိုင်အောင် အနှစ် ၃၀ လေ ာက် ကြိုးစားလာရတာဖြစ်ပါတယ်။ အခုက နောက်ကြောင်းမပြန်မှု၊ တ စ်ဘက်နဲ့ တ စ်ဘက် စည်းမကျော်ဘ ဲ
ပူးပေါင်းဆောင်ရွက်မှုတွေအတွက် ရနိုင်ခဲတဲ့ ယုံကြည်မှုကို ခက်ခက်ခဲခဲ တည်ဆောက်နေချိန် ဖြစ်ပါတယ်။
ဒီအခြေအနေမှာ တ ပ်ဘ က်က ပြောင်းသွားတ့ ဲ အရင် ဗိုလ်ချုပ်ကြီးတွေရဲ့ သားတပည့်တွေဖြစ်တဲ့ မိုးကျရွှေကိုယ်တွေကို အာဏာစက်နဲ့ ဖယ်ရှားမယ်ဆိုရင် တပ်မတော်ခေါင်းဆောင်တွေ စိတ်ထ ဲ မှာ
နောက်ကြောင်းမပြန်ဘူးဆိုတ ာ ဟုတ်ပါ့မလားလို့ သံသယတွေ ရှိလာမှာပါ။
ဒီထ က်ဆိုးတာက ရာဇဝတ်မှုတွေ ထူပြောလာလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည်ထဲရေး ဝန်ကြီး၊ စစ်ပွဲတွေ မရပ်သေးလို့ ကာကွယ်ရေးဝန်ကြီး၊ ရခိုင်က ကိစ္စတွေအတွက် နယ်စပ်ရေးရာဝန်ကြီးတို့ကို လူလဲပေးပါလို့ ကာကွယ်ရေး ဦးစီးချုပ်ကို ပြောလိုက်မယ်ဆိုရင် လဲပေးခဲ့ရင်တောင်မှ သူစိတ်တိုင်းကျ ခန့်ထားတ့ ဲ သူတွေကို ဖယ်ရှားခိုင်းတဲ့အတွက် ကာချုပ်စိတ်ထ ဲ ဘ ယ်လိုရှိမလဲ။
နှစ် ၃၀ နီးပါး ရန်ဘ က်အဖြစ် တည်ရှိခဲ့တဲ့ ဒီချုပ်အစိုးရနဲ့ အမေစုကို သူတို့ကို အန္တရာယ်ပေးမှာ မဟုတ်ဘူးလို့ တ စ်ထ စ်ချ ယုံကြည်ဖို့ ခက်ခဲနေချိန်မှာ ဘာမှမဟုတ်ဘူးလို့ ထ င်ရတဲ့ ဒီကိစ္စလေးတွေဟာ အမှိုက်က စ ပြသာဒ်မီးလောင်တဲ့အထိ ဖြစ်နိုင်တ ာကို သိနေလို့ တိုင်းပြည်ပြန်လ ည်တ ည်ထောင်ခွင့် လိုချင်နေတဲ့ အမေစုအတွက် နောက်ထ ပ် Catch 22 Situation တ စ်ခုပါပဲ။
အုပ်ချုပ်ရေး ယ န္တရားမှာ က န့်လန့်တိုက်နေသေူတွ၊ ခြစားသူတွေကို ရှင်းမထုတ်နိုင်ရင် တိုင်းပြည်ဆင်းရဲတွင်းက မတက်ဘူး။
ရှင်းထုတ်နိုင်ပြန်ရင်လ ည်း တ ပ်မတော်နဲ့ တ ည်ဆောက်နေတဲ့ ယုံကြည်မှုတွေ ပျက်ယ ွ င်းပြီး ခြေ/ဥ
ပြင်ဆ င်ရေး၊ ငြိမ်းချမ်းရေး ကိစ္စတွေအထိ ထိခိုက်ပြီး နောက်ကြောင်းပြန်လှည့်သွားလို့ ဆ င်းရဲတွင်းနက်မယ့် အန္တရာယ်လ ည်း ရှိနေပါတယ်။
အဲဒီ နှစ်လ မ်းထ ဲ က ဘယ်လ မ်း ရွေးရွေး လတ်တလောမှာ တိုင်းပြည်က တိုးတက်မှု ရနိုင်မှာ မဟုတ်ပေမယ့်...
ဒုတိယ လ မ်းကို ရွေးခဲ့ရင်တော့ ပြန်လ မ်းမရှိတော့တဲ့အတွက် အခု အနစ်နာခံနေရပေမယ့် အချိန်တ စ်ခုကြာတဲ့အခါ အသီးအပွင့်မြင်ရနိုင်တဲ့ ပထ မလ မ်းကို ဒေါ်အောင်ဆ န်းစုကြည်
လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။
ဒီလို ရေရှည်အကျိုးကို ကြည့်ပြီး လုပ်ဆောင်နေတ့ ဲ အမေစုအတွက် အခုနောက်ဆုံး အကြီးမားဆုံး ထိုးနှက်ချက်ကတော့ အမေစုရဲ့ အမျိုးသား ပြန်လ ည်ရင်ကြားစေ ့ရေးနဲ့
နောက်ကြောင်းမပြန်ရေးမူကြောင့် တ ပ်မတော်ဘ က်ကို သိပ်အလျှော့ပေးရလွန်းတော့ ပြည်သူတွေ နစ်နာရတယ်ဆိုတ ဲ့ စွ ပ်စွဲချက်ပါပဲ။
တကယ်က ဒီလ မ်းကို အမေစုက ချမှတ်ထားတယ်လို့ ယူဆ လို့သာ ဒီလိုစွပ်စွဲချက်တွေ ဖြစ်လ ာတ ာ ဖြစ်တ ယ်။ အမှန်က တေ ာ့ ဒီလ မ်းကို အမေစုက ဖန်တီးတာမဟုတ်ဘ ဲ ပြည်သူကို မထိခိုက်တဲ့လ မ်းကို လျှောက်မယ်ဆိုရင် အမေစုအတွက် ပေးထားချက်ဟ ာ ဒီတ စ်လ မ်းပဲရှိလို့ မလွှဲ သ ာ မရှောင်သ ာ ပြည်သူအတွက် လျှောက်လှမ်းနေရခြင ်းဖြစ်တ ယ်။
.
.
.
အပေါ်မှာ ပြောခဲ့သ လို တ စ်ကြောင်းတည်းရှိတဲ့ လ မ်းကို ရွေးချယ်စရာမရှိဘ ဲ လျှောက်လှမ်းနေရတဲ့ အမေစုဟ ာ အရာရာမှာ Catch 22 Situation ဆိုတဲ့ deadlock တေ ကွို တတ်နိုင်သ မျှ ဖြည်ရင်း ရင်ဆိုင်ဖြေရှင်းနေရတာဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်ရင်း ပိုမိုများပြားတဲ့ ပြည်သူလူထုကြီး တ စ်ရပ်လုံးရဲ့ အနာဂတ် အကျိုးစီးပွားကို ငဲ့ပြီး ပြည်သူအချို့ရဲ့ ဒုက္ခတွေကို ရေတိုအားဖြင့် မျက်က ွ ယ်ပြုလိုက်ရတဲ့ အခါတိုင်း စိတ်ဆ င်းရဲခြင်းကြီးစွာ ဖြစ်ရသူဟ ာ ရန်သူကိုတောင်
မေတ္တာထားနိုင်တဲ့ အမေစုပါပဲ။
ဒီစာရဲ့ ရည်ရွယ်ချက်ဟ ာ ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ စော်ကားလိုစိတ်နဲ့ ရေးတာမဟုတ်သ လို
ဒေါ်အောင်ဆ န်းစုကြည် လုပ်ဆောင်လို့ မအောင်မြင်သေးတ ာတွေအတွက် အကြောင်းပြချက်
ပေးနေတာလည်း မဟုတ်ပါဘူး။
မအောင်မြင်သေးတာတွေအတွက် ဘ ယ်သူ့ကိုမှ ဥပမာ ရှေ့အစိုးရကိုတေ ာင် အပြစ်မတင်ဖို့ သူ့အစိုးရအဖွဲ့ကို အမေစုက မှာကြားထ ားတာ ဖြစ်ပါတယ်။
သို့သော် ဒီထ က်ပိုပြီး ရည်မှန်းချက်တွေ အောင်မြင်လာအောင်၊ ရွေးကောက်ပွဲ ကတိကဝတ်တွေ ပြည့်မီအောင ် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသ မျှ ကြိုးစားနေရာမှာ...
သာမန်အခြေအနေအောက်မှာ တိုင်းပြည်တာဝန် ထ မ်းနေရတာ မဟုတ်ဘ ဲ အပေါ်မှာ တင်ပြခဲ့သ လို ဖြေရှင်းဖို့ ခက်ခဲရှုပ်ေ ထ ွ းလ ွ န်းလှတဲ့ အခြေအနေတွေန့ ဲ ရင်ဆိုင် လုပ်ကိုင်နေရတဲ့ အမေစုရဲ့ အခက်အခဲတွေကို ပြည်သူတွေ သိနားလည်စေချင်တ ယ်ဆိုလို့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသ မျှ
ပြည်သူတွေ မြင်သာအောင် အရင်းအတိုင်း ချပြခြင်းသာ ဖြစ်ပါတယ်။
အစိုးရသက်တ မ်း ငါးနှစ်အတွင်း အမေစုရဲ့ ဉာဏ်ပညာ၊ အတွေ့အကြုံ၊၊ ဆ င်ခြင်သုံးသပ် ခေါင်းဆောင်နိုင်စွမ်းတွေနဲ့ တ ပ်မတော်အကြီးအကဲ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမြော်အမြင်ကြီးမှု၊ သဘောထားကြီးမှုတွေ တ စ်သားတည်းကျပြီး ယုံကြည်မှုကို အောင်မြင်စွာ တ ည်ဆောက်နိုင်ပြီး ရှေ့တိုး ထ မ်းပိုး နောက်ဆုတ်လှည်းတုတ် ဆိုတဲ့ အခြေအနေတွေကို ကျော်လွှားနိုင်ပါစေလို့ ဆ န္ဒပြုလိုက်ရပါတယ်။