ကြောင်ကိုငရုပ်ကောင်းဘယ်လိုကျွေးမလဲ
စဉ်းစားပုံစဉ်းစားနည်းလေးတွေကို
သဘောကျလို့တင်ထပ်တင်လေးလိုက်ပါတယ်နော်။
ဒီတစ်ခါတင်ပေးမဲ့နည်းလေးကတော့
နာမည်ကျော် ကွန်မြူနစ်ခေါင်းဆောင်ကြီး မော်စီတုန်းစဉ်းစားတဲ့နည်းလေးပါနော်။နိူင်ငံရေးကိုစိတ်ဝင်စားတဲ့သူတိုင်းကတော့ဒီစဉ်းစားနည်းလေးကိုသိကြမှာပါနော်။
ဒီလိုပါ…………..တစ်နေ့ မော်စီတုန်းက သူ့လုပ်ဖော်ကိုင်ဖက် လျှူရှောက်ချီနဲ့ ချူအင်လိုင်းတို့ကို
ပညာစမ်းတဲ့အနေနဲ့ ကြောင်တစ်ကောင်ကို ငရုပ်ကောင်းစားစေချင်ရင်ခင်များတို့ ဘယ်လိုကျွေးမလဲလို့မေးသတဲ့။
ကြောင်ဆိုတာက
အသားစားသတ္တဝါ။ ငရုပ်ကောင်းဆိုတာက ပူတယ်၊ စပ်တယ် ကြောင်ကလုံးဝမကြိုက်။ ဒီတော့ သမ္မတကြီး
လျှူရှောက်ချီက ပထမဖြေပါတယ်။ လွယ်ပါတယ် ဉက္ကဌကြီးရယ် တစ်ယောက်ယောက်က ကြောင်ကိုချုပ်ကိုင်ထား
နောက်တစ်ယောက်က ကြောင်ပါးစပ်ကိုဟ ငရုပ်ကောင်းကို အစေ့လိုက် ပါးစပ်ထဲထည့် တူနဲ့ထိုးချလိုက်ပေါ့တဲ့။
သူ့စကားကိုကြားတော့ မော်စီတုန်းက “ဟာခင်များနည်းကြီးက အကျပ်ကိုင်ပြီးအတင်းအကြပ်လုပ်တဲ့နည်းကြီးပဲ
ဒါမျိုးလုပ်လို့ မကောင်းပါဘူး။ ခင်များနည်းကြီးက မဟုတ်သေးပါဘူးလို့ငြင်းပါတယ်။” အတင်းအဓ္ဓမ
ဖိအားသုံးတဲ့နည်းနဲ့ဘယ်ကောင်းမလဲ………ကြွေးတယ်ဆိုတာကြောင်ကလည်း သူ့ဟာသူလိုလိုချင်ချင်စားချင်တာမျိုးပဲဖြစ်ရမှာပေါ့။
မဟုတ်ဘူးလား……….ဆိုပြီးနောက်တစ်ယောက် ဝန်ကြီးချုပ်ကိုမေးပါတယ်။
နောက်တစ်ယောက်
ဝန်ကြီးချုပ် ချူအင်လိုင်းကတော့ စဉ်းစဉ်းစားစားနဲ့ပြောလိုက်ပါတယ်။ ဒီလိုဗျာ…..ပထမ ကြောင်ကို
ဖမ်းပြီး အစာမကြွေးပဲ သုံးရက်လောက်ထားမယ်ဗျာ။ နောက် အသားလုံးတွေကိုယူလိုက်မယ်။ အသားလုံးတွေထဲမှာ
ငရုပ်ကောင်းတွေကိုထည့်ထားမယ်။ ပြီးတော့မှကြောင်ကိုကြွေးလိုက်မယ်ဗျာ။ ကြောင်ကလည်းဆာနေတော့စားမှာသေချာတယ်လို့ပြောပါတယ်။
ဒီအဖြေကိုလည်း မော်စီတုန်းကမကျေနပ်ပါဘူး။ အင်း…..ခင်များနည်းလည်း လိမ်ညာလှည့်ဖျားတဲ့နည်းပဲဗျ။
လူတွေကိုဒီလိုလိမ်လည်လို့ဘယ်ကောင်းပါ့မလဲ။ ပြီးတော့ ကြောင်ကို ငရုပ်ကောင်းကြွေးဖို့
အသားပါထပ်ပြီးအကုန်ခံရအုန်းမယ်ဆိုတော့ ဘယ်ဟုတ်ပါ့မလဲဆိုပြီးငြင်းပါတယ်။
ဒါဆိုလည်း ဉက္ကဌကြီးစဉ်းစားထားတဲ့နည်းလေးပြောပြပါလားလို့
သမ္မတကြီးနဲ့ ဝန်ကြီးချုပ်တို့မေးတော့…………
မော်စီတုန်းက
…လွယ်ပါတယ်ဗျ….”ကြောင်ကို ဝမ်းဗိုက်တွေရော ခြေထောက်တွေရော လက်တွေရော တစ်ကိုယ်လုံးကို
ငရုပ်ကောင်းတွေနာနာပွတ်ပေးထားလိုက်။ ငရုပ်ကောင်းတွေကြောင့်ပူလာလို့မနေနိူင်တဲ့အခါ သူ့ကိုယ်အပူသက်သာအောင်
သူလျှာနဲ့လျှက်လိမ့်မယ်။ သွားမတားနဲ့ လွှတ်ထားလိုက်။ သူ့ကိုယ်သူလျှာနဲ့လျှက်လိုက်တော့
အပူလည်းသက်သာ ငရုပ်ကောင်းတွေလည်းသူစားပြီးသားဖြစ်သွားလိမ့်မယ်။ ဒီလိုနည်းနဲ့ ငရုပ်ကောင်းတွေမကုန်မခြင်းသူစား
နေလိမ့်မယ်။ ပြီးတော့ သူ့ကိုယ်သူလျှာနဲ့လျှက်ခွင့်ရလို့လဲ သူကျေနပ်နေပါလိမ့်မယ်” လို့
ပြုံးပြီးပြောလိုက်ပါသတဲ့။ ဒီနည်းကတော့ ခုခေတ်မှာတော်တော်များများလည်းသုံးနေကြတယ်ထင်ပါတယ်။တစ်ခါတစ်လေမှာ
သူများတွေဆင်ထားတဲဂွင်ထဲကို ရောက်မှန်းမသိရောက်နေပြီး ကိုယ်ကိုယ်တိုင်ကိုက ကျေကျေနပ်နပ်ကြီးနဲ့
သူများလိုချင်တဲ့အတိုင်း သတိမထားမိပဲလိုက်လုပ်နေမိကြတာလည်းရှိကြမယ်ထင်ပါတယ်။ကိုယ်ကတော့
ငါလုပ်ချင်တာငါလုပ်လိုက်ရတယ်ဆိုပြီးကျေနပ်နေချိန်မှာ တဖက်သားကတော့ ကိုယ့်ကိုကြည့်ပြီးသနားစရာသတ္တဝါလေးလို့မြင်နေမှာပါ။
ကိုယ့်ကိုယ်ကို ဆန်းစစ်ဝေဖန် စဉ်းစားကြဖို့ပါ။
စိန်မျိုးလွင််
ဆရာဖေမြင့်၏စဉ်းစားခြင်းစာအုပ်မှ
ပြန်လည်မျှဝေပါသည်။
Comments