သိပ္ပံပညာရှင်တစ်ယောက်က
စမ်းသပ်မှုတစ်ခုအနေနဲ့ ငါးမန်းတစ်ကောင်ကို ကြီးမားတဲ့ ဖန်လှောင်အိမ်ကြီးထဲကိုထည့်ထားလိုက်ပါတယ်။ ပြီးတော့ ငါးမန်းကြီးကိုလည်းပုံမှန် အသားတွေကျွေးထားပါတယ်။
နောက်ရက်မှာ တော့ အသားကျွေးတာအပြင် ငါးသေးသေးလေးတွေကိုလည်းထည့်ထားပြီးစောင့်ကြည်ပါသတဲ့။
ငါးမန်းကြီးက ကျွေးသမျှအသားတွေအပြင် ဖန်လှောင်အိမ်ထဲမှာရှိတဲ့
ငါးပေါက်စလေးတွေအကုန်လုံးကိုစားပစ်လိုက်ပါတယ်။
နောက်တစ်ရက်မှာတော့
ပညာရှင်က ဖန်ပေါင်းချောင်ကို နှစ်ဘက်ဖြစ်သွားအောင်အလယ်ကောင်ကနေ မှန်အကြည်ထည့်ထားပြီးအကန့်ခွဲပစ်လိုက်ပါတယ်။
ပြီးတော့ ငါးမန်းကြီးကိုတဖက် ငါးသေးလေးကိုတစ်ဖက် ထည့်ထားပါတယ်။ ပုံမှန်ပဲ ငါးမန်းကြီးကိုအစာကျွေးပါတယ်။
ဒါပေမဲ့ငါးမန်းကြီးက ငါးသေးသေးလေးကိုမြင်လိုက်ရင်ပဲ စားသောက်ဖို့အတွက် လိုက်ဖမ်းပါတော့တယ်.
ဒါပေမဲ့ အလယ်ကောင်မှာ မှန်အကြည်ကကာထားတော့ သူဘာမှလုပ်မရပါဘူး။ အားနဲ့ဝင်တိုက်လိုက်
ပြန်လန်ကျလိုက် ဖြစ်နေပါတယ်။ ငါးမန်းကြီးကအားမလျှော့ပါဘူး။ အမောဖြေလိုက် ထပ်တိုက်လိုက်လုပ်နေပါတယ်။
ဒီလိုနဲ့ ငါးလေးကိုစားရလိုဇောနဲ့ မှန်ကိုဝင်တိုက်လိုက် ပြန်လန်ကျလိုက် မောလာလိုက် အနားယူလိုက်
ပြန်တိုက်လိုက် လုပ်နေတာ ရက်သတ္တပတ်သုံးပတ်လောက်ကြာပါသတဲ့။ နောက်ဆုံးကျမှာ ငါးမန်းကြီးဟာ
ငါလေးကိုဖမ်းဘို့ မကြိုးစားတော့ဘူးတဲ့။ အဲဒီအချိန်မှာ သိပ္ပံပညာရှင် အလယ်ကခြားထားတဲ့မှန်အကြည်ကိုဖယ်ထုတ်လိုက်ပါတယ်။
ဒါပေမဲ့ငါးမန်းကြီးကတော့ ငါးလေးကိုစားဖို့မကြိုးစားတော့ပါဘူးတဲ့။ ငါးလေးနဲ့ သူ့ရဲ့ကြားမှာမမြင်ရတဲ့အတားအဆီးတစ်ခုရှိနေတယ်ဆိုတာကို
ငါးမန်းကြီးက ယုံကြည်သွားပါပြီ။ သူဘယ်တော့မှဆက်ပြီး ငါးလေးကိုဖမ်းဖို့မကြိုးစားတော့ပါဘူး။
ဒီလိုပါပဲ ကျွန်တော်တို့လည်း လမ်းဘေးမှာ ခွေးငယ်ငယ်လေးက ခွေးအကြီးကြီးကိုလိုက်ကိုက်နေတာလည်း
မြင်ဘူးတဲ့သူမြင်ဘူးကြမှာပါ။ တိရိစ္ဆာန်ရုံကိုသွားမယ်ဆိုရင်လည်း ဆင်တွေကို သံကြိုးသေးသေးတွေနဲ့ခတ်ထားတာ
သတိထားမိတဲ့သူထားမိမှာပါ။ သူတို့ဟာ သံမှိုရိုက်သွင်းထားသလို စွဲနေတဲ့ ငါမလုပ်နိူင်ဘူးဆိုတဲ့ယုံကြည်မှုတွေကြောင့်
လက်တွေ့အခြေအနေထက်ပိုကောင်းအောင်လုပ်နိူင်တဲ့ အခွင့်အလမ်းတွေကို လက်လွတ်ကုန်ကြရပါတယ်။
ကျွန်တော့်ဆရာတစ်ယောက်ကမေးဘူးပါတယ် ကျွန်တော်တို့သူငယ်ချင်းတစ်စုကို မင်းတို့ခုနေထီပေါက်မယ်ဆိုရင်
ဘယ်လောက်ဆုပေါက်ချင်သလဲတဲ့။ သိန်း ၁၀၀ ၊ ၁၀၀၀၊ ၅၀၀ ၊ အမြင့်ဆုံးဆု အစရှိသဖြင့်ပြောကြတဲ့အခါ…..ဆရာကပြန်ပြောတာက……”အေးမှတ်ထားကြကွ
လောကမှာစိတ်ဟာအရေးအကြီးဆုံးပဲ။ အရာရာတိုင်းကိုစိတ်ကလွှမ်းမိုးတယ် ဆုံးဖြတ်တယ်။ စိတ်ခွန်အားဟာ
အရမ်းအရေးပါတယ်တဲ့။ ခုမင်းတို့ကို စိတ်ကူးနဲ့ထီပေါက်ခိုင်းတာတောင် ၁၀၀ ၊ ၁၀၀၀ ၊ ၅၀၀၊
အမျိုးမျိုးပြောနေကြတယ်။ ဘာဖြစ်လို့အမြင့်ဆုံးဆုကိုမမှန်းနိူင်ကြရတာလဲ ။ ဘာအတားအဆီးတွေရှိနေလို့လဲ။
စိတ်ကူးထဲမှာတောင်မလုပ်နိူင်ကြရင်တော့ ဘယ်တော့မှာအပြင်မှာလုပ်နိူင်ကြမှာ
မဟုတ်ပါဘူးတဲ့….” ဟုတ်ပါတယ်…..ဒီလိုပါပဲ မိတ်ဆွေတို့လည်း တစ်ခါတစ်လေမှာ မဖြစ်နိူင်ဘူးဆိုတဲ့အတွေး၊
ယုံကြည်မှုတွေကြောင့်အခွင့်အလန်းကောင်းတွေကိုလက်မလွှတ်ရစေနဲ့။ အကောင်းမြင်စိတ်၊ ငါလုပ်နိူင်တယ်ဆိုတဲ့
ယုံကြည်ချက်ကလေးတွေကိုမွေးရင်း အခွင့်အလန်းကောင်းတွေကို အမိအရဖမ်းဆုပ်နိူင်ကြပါစေ။
လေးစားလျှက်
စိန်မျိုးလွင်
Comments