ကောင်းကင်ဘုံတစ်နေရာမှာ
ဘုရားသခင်က သူ၏တပည့်သားများကို မိန်တော်မူတယ်။ အရာအားလုံးကိုငါဟာ အကောင်းနဲ့အဆိုးကို
ညီမျှအောင်ဖန်ဆင်းထားတာဖြစ်တယ်။ ဒီမှာကြည့်လိုက်ကြစမ်း….ဉပမာ သမင် ၁၀ ကောင်ရှိတိုင်း
ငါဟာ ခြင်္သေ့ တစ်ကောင်အမြဲရှိနေအောင်ဖန်ဆင်းထားတယ်။
အမေရိကန်နိူင်ငံကို
ကြည့်လိုက်ကြစမ်း။ သူတို့ကို ငွေကြေးချမ်းသာမှုတွေ နည်းပညာကြွယ်ဝမှုတွေငါပေးထားပေမဲ့
တစ်ဖက်မှာတော့ ငါကသူတို့ကို မလုံခြုံမှုတွေ ဖိအားတွေ ငါပေးထားတယ်။ ငါက အရာရာကို ညီမျှအောင်ဖန်တီးထားတယ်။
ပြီးတော့ အာဖရိကကိုကြည့်လိုက်စမ်း
သူတို့ကို လှပတဲ့ ရေမြေသဘာဝတွေပေးထားပေမဲ့ အခြားတစ်ဖက်က ရာသီဉတုပြင်းထန်မှုတွေကိုခံစားရအောင်ငါဖန်းတီးထားတယ်။
ဘုရားသခင်ရဲ့နောက်လိုက်တွေကလည်း အံ့အားတွေသင့်လို့ပေါ့။ ဟုတ်ပေတာပဲ။
တောင်အမေရိကကိုကြည့်လိုက်စမ်းပါအုံး။
လှပတဲ့ သစ်တောကြီးတွေ ငါပေးထားခဲ့တယ်။ အခြာတစ်ဖက်ကလည်း သူတို့မနားမနေအလုပ်လုပ်နေရအောင်လို့
မြက်ရိုင်းတောကြီးတွေလည်းငါဖန်ဆင်းထားတယ်။
ဉရောပဘက်ကိုလည်းကြည့်လိုက်ပါအုံး……လူနေမှုအဆင့်အတန်းတွေမြင့်မားနေအောင်ငါဖန်တီးခဲ့ပေမဲ့
လူဉီးရေတွေပြည့်သိပ်နေအောင်ငါဖန်တီးထားခဲ့တယ်။
အဲဒီအချိန်မှာ
တပည့်တွေထဲက တစ်ယောက်ကဘုရားသခင်ကို ထပြီးမေးလျှောက်လိုက်ပါတယ်။ အိုဘုရားရှင် …….ဒီနေရာကအရမ်းနေချင်စရာကောင်းပြီး
သာယာအေးချမ်းလှတဲ့ နိူင်ငံလေးက ကရောဘာနိူင်ငံလည်း ဘုရား။ ဘုရားသခင်ကပြန်ဖြေလိုက်ပါတယ်။
အိုး…………ဒါလား …………..မြန်မာနိူင်ငံလို့ခေါ်တယ်…….။ လှပတဲ့ ဧရာဝတီမြစ်ကြီးရယ်၊
ရှမ်းတောင်တန်းတွေရယ်၊ ရခိုင်ရိုးမကြီးရယ်၊ ကချင်ရေခဲတောင်တွေရယ်၊ပေါများလှတဲ့သယံဇာတတွေရယ်၊
ရိုးသားမှုအပြည့်နဲ့ တိုင်းသူပြည်သားတွေရယ် လှပပြီးနေချင့်စဖွယ်ဖြစ်အောင်ငါဖန်ဆင်းထားခဲ့တာပေါ့။
ဒီနေရာလေးဟာ ………..ကမ္ဘာပေါ်မှာ ငါဖန်ဆင်းထားသမျှတွေထဲက အကောင်းဆုံး လက်ရာလေးပေါ့။ အဲဒီအချိန်မှာတပည့်တစ်ယောက်က
ဆက်ပြီးမေးလိုက်ပါသတဲ့။ အို…ဘုရားသခင် သင်ဟာအရာရာမှာ အကောင်းနဲ့အဆိုး ညီမျှအောင်ဖန်ဆင်းခဲ့တယ်ဆို………ဒီမြန်မာနိူင်ငံမှာတော့
အားလုံးဟာအကောင်းတွေချည်းပဲဖန်ဆင်းထားတာပါလား …………လို့မေးလျှောက်လိုက်ချိန်မှာ………ဘုရားသခင်က
တစ်ခွန်းတည်းသောစကားကိုပဲ ပြန်လည်ဖြေကြားလိုက်ပါသတဲ့။
==========သူတို့ကိုအုပ်ချုပ်တဲ့
သူတွေကို ငါဘယ်လိုဖန်ဆင်းထားသလဲဆိုတာ မင်းတို့ကြည့်လိုက်လေ============
လေးစားလျှက်
စိန်မျိုးလွင်
Comments