တစ်ခါက
အမေရိကန်ပြည်ထောင်စုမှာ အရမ်းဆိုးသွမ်းတဲ့ ဓါးပြတစ်ယောက်ကို( အသေအချာတော့နာမည်မမှတ်မိပါဘူး။
အယ်ကပုန်းလို့ထင်ပါတယ်) ရဲတပ်ဖွဲ့က အရှင်ဖမ်းမိပါတယ်၊
သတင်းစာထဲမှာ
နာမည်ကျော်ဓါးပြကြီးကို ဖမ်းမိတဲ့သတင်းက ဟိုးလေးတစ်ကြော်ပါပဲ။ အထူးအဆန်းဓါးပြဗိုလ်
ကြီးကိုမိပြီဆိုတဲ့
အကြောင်းဖော်ပြတော့၊ အခြားဂျာနယ် သတင်းထောက်တွေကနေ ၄င်းကိုမေးကြတယ်။
ဓါပြကြီးကပြောပါတယ်…………….သူငယ်စဉ်က
ရက်စက်ကြမ်းတမ်းတဲ့ ဖခင်အရက်သမားရဲ့
နှိတ်စက်မှုကိုခံခဲ့ရသောကြောင့်
အိမ်မှာမနေရဲဘဲ လမ်းမပေါ်ထွက်ခွာရှောင်တိမ်းရင်း သူခိုး ၊
သူဝှက်တွေနဲ့ပေါင်းမိပြီး
သူယခုလို ဓားပြဗိုလ်ဖြစ်ခဲ့ရပါတယ်တဲ့။
အဲဒီမေးရင်းနဲ
သူ့မှာညီတစ်ယောက်ရှိသေးကြောင်းသိရလို့ အဲဒီညီရောအခုဘယ်မှာလည်းမေးရာ
တက္ကသိုလ်တစ်ခုမှာ
ပါမောက္ခဖြစ်နေပါသတဲ့ ။ ဒါနဲ့ သတင်းသမားတွေလည်း အဲဒီပါမောက္ခဆီသွားပြီး
သတင်းသမားတွေကသွားရောက်မေးမြန်းကြပြန်
ပါတယ်။
သတင်းထောက်သမားတွေကဒေါက်တာယခုလိုပါမောက္ခဘာကြောင့်ဖြစ်လာရပါသလဲမေးကြပြန်တယ်။ကျွန်
တော့်
ဖေကြောင့်ဗျာ၊ညနေညနေဆိုရင်အဖေကမှူးရူးပြီးအိမ်ပြန်လာ၊အမေနဲ့ကျွန်တော်တိုညီအစ်ကိုနှစ်ယောက်ကို
ပြင်းပြင်းထန်ထန်ကန်ကျောက်ရိုက်နှက်နှိပ်စက်နေတာနေ့တိုင်းပါပဲတဲ့၊
ဒါကြောင့် ညတွေမှာအိမ်ပြင်ထွက်ပြီး
ရှောင်နေကြရတယ်၊
ဒီအခါမှာ
ကျွန်တော်ကရပ်ကွက်စာကြည်တိုက်ကိုသွားပြီးစာအုပ်တွေနဲ့အဖော်လုပ်နေရပါတယ်။
နေ့စဉ်စာဖတ်ရင်း
အချိန်တွေကုန်ခဲ့ရတယ်။အဲဒီလိုနဲ့ဗဟုသုတစာအုပ်တွေနေ့စဉ်မပြတ်ဖတ်ပါများတော့စာတော်တဲ့ကျောင်းသားတစ်ယော
က်ဖြစ်လာတယ်။စာမေးပွဲတွေမှာရမှတ်တွေထူးချွန်တော့ထောက်ပံ့ကြေးဆုငွေတွေရတယ်။ဒီလိုနဲ့တက္ကသိုလ်အထိတက်
နိုင်ပြီးဒေါက်တာဘွဲတွေဘာတွေရလာခဲ့ပါတယ်။အသက်ငယ်ငယ်နဲ့ပညာထူးချွန်တဲ့ပါမောက္ခဖြစ်ရတာအဖေ့
ကြောင့်ပါတဲ့
။
ဒီနေရာမှာအစ်ကိုကလူဆိုး၊ညီကတက္ကသိုလ်ကပါမောက္ခကြုံတွေ့ခဲ့ရတဲ့ခါးသီးလှသောကလေးဘဝဟာ
အတူတူဖြစ်ပါလျှက်နဲ့
စာအုပ်စာပေကိုမိတ်ဆွေဖွဲ့ ခဲ့ တဲ့လူငယ်လေးက ဘဝခရီးလမ်းကြောင်း
ဖြောင့်ဖြူးကောင်းမွန်ခဲ့တဲ့လက်တွေ့ရလဒ်တွေဟာ
စာပေရဲကျေးဇူးကြောင့်ပါ။ ဒီအကြောင်းလေးကိုဖတ်မိတော့
ကျွန်တော်တို့ငယ်ငယ်ကသင်ခဲ့ရတဲ့
ကျေးညီနောင် အကြောင်းကိုပြေးမြင်မိကြမယ်ထင်ပါတယ်။
ကျေးညီနောင်လေးနှစ်ကောင်ဟာ
မတူညီတဲ့ပတ်ဝန်းကျင်ကိုရောက်ရှိသွားပါတယ်။
တစ်ကောင်ကသူတော်ကောင်းနဲ့ပေါင်းရပြီး
စိတ်ကောင်းဖြစ်ရသလို၊
နောက်တစ်ကောင်က မုဆိုးတွေနဲ့နေထိုင်ရပြီး စိတ်ယုတ်မာတွေ ထားတတ်သွားပါတယ်။
ဟုတ်ပါတယ်. .. ဒါပေမဲ့ အထက်ပါ
အဖြစ်အပျက်ကလေးနှစ်ခုမှာ
ကွာခြားချက်ကလေးတစ်ခုစီရှိပါတယ်။ အဓိက ……..ကွားခြားချက်ကတော့ လူနဲ့
တိရစ္ဆာန်ကွာခြားချက်ပါ။
နောက်တစ်ချက်က
စဉ်းစားတွေးခေါ်နိူင်စွမ်းရှိပြီး
ပတ်ဝန်းကျင်ဆိုတာကို ကိုယ်တိုင်ရွေးချယ်ခွင့်ရှိတာနဲ့
စဉ်းစားတွေးခေါ်နိူင်စွမ်းမရှိ
ပတ်ဝန်းကျင်ကို ကိုယ်တိုင်ရွေးချယ်ခွင့်မရရှိခဲ့တာပါပဲ။ ဒါပေမဲ့
အဖြစ်အပျက်နှစ်ခုစလုံးမှာ
ရလာဒ်က အတူတူနီးပါးပါပဲနော်။
စဉ်းစားတွေးခေါ်နိူင်စွမ်းရှိတဲ့လူသားချင်းအတူတူတောင်မှ
မတူညီတဲ့ဝန်းကျင်နှစ်ခုမှာ မတူညီတဲ့ အရောင်အသွေးပြောင်းလဲမှုကိုဖြစ်စေပါတယ်။
ဘဝကိုရင်ဆိုင်ကြရင်း
လောကကြီးကိုကောင်းကျိုးပြုနိူင်သူနဲ့ လောကကြီးကို
အကျည်းတန်အရုပ်ဆိုးစေသူတွေဖြစ်လာကြရပါတယ်။
ဒါကြောင့် ပတ်ဝန်းကျင်ကောင်းကိုလည်း ရှာဖွေတတ်ဖို့အရမ်းအရေးကြီးပါတယ်။ နောက်တစ်ခုက ကံကောင်းတာက ကျွန်တော်တို့က စဉ်းစားနိူင်တဲ့လူတွေဖြစ်နေတဲ့အတွက်
အဖြစ်အပျက်တွေကနေ သင်္ခန်းစာယူနိူင်ကြပါတယ်။ ဒီလိုသင်္ခန်းစာတွေယူနိူင်ဖို့အတွက်လည်းစာတွေဖတ်ဖို့လိုပါတယ်။
ဘာဖြစ်လို့စာဖတ်ဖို့လိုပါသလဲဆိုရင် လူတစ်ယောက်ဟာ ဘဝတစ်ခုမှာတွေ့ကြုံရင်ဆိုင်ရဖွယ်ရာရှိတဲ့
အတွေ့အကြုံတွေကို ပြည့်စုံဖို့ဆိုရင် နှစ်ပေါင်း ၂၀၀ လောက်လိုအပ်ပါသတဲ့။ သေချာတာတစ်ခုက
ကမ္ဘာပေါ်မှာ ဘယ်သူမှ အသက် နှစ် ၂၀၀ မနေကြရပါဘူး။ ဒါကြောင့်သူများတွေရဲ့အတွေ့အကြုံသင်္ခန်းစာတွေကို
လေ့လာသင်ယူဖို့လိုကို လိုအပ်ပါတယ်။ ဒါတွေကိုလည်း စာဖတ်ခြင်းကနေရရှိနိူင်ပါတယ်။ ဒါကြောင့်မိတ်ဆွေတို့လည်း
မိမိဘဝတိုးတက်ဖို့အတွက်နဲ့ လောကကြီးကိုကောင်ကျိုးပြုနိူင်ဖို့အတွက်ဆိုရင် မိမိအတွက်ကောင်မွန်တဲ့ပတ်ဝန်ကျင်တစ်ခုကိုရှာဖွေရွေးချယ်တတ်ဖို့အရေးကြီးသလို
စာဖတ်ဖို့လည်းအရေးကြီးပါတယ်လို့…………………….
အတွေးလေးတွေကိုမျှဝေခြင်းသာ
စိန်မျိုးလွင်
Comments