
အိမ်မက်ထဲမှာ သူတော်စင်ကြီးတစ်ပါးက ဘုရင်ကြီးကို နေရာတစ်ခုကိုခေါ်သွားပါတယ်။ပြီးတော့ အခန်းထဲမှာရှိတဲ့လူတွေကိုပြသတဲ့။ ဘုရင်ကြီးမြင်လိုက်ရတာက ဧရာမကြီးမားတဲ့စားပွဲကြီးတစ်ခုပေါ်မှာ စားချင့်စဖွယ် အစားအသောက်မျိုးစုံကိုတင်ထားပြီး စားပွဲရဲ့ပတ်ပတ်လည်မှာတော့ ပိန်ချုန်းနေကြတဲ့ လူတွေမှားစွာဟာငြိုးငယ်စွာနဲ့ထိုင်နေကြသတဲ့။ လူတိုင်းလူတိုင်းရဲ့လက်မှာလည်း တစ်လံလောက်အရှည်ရှိတဲ့ ဇွန်းတွေကို လက်တွေနဲ့တွဲပြီးကြိုးနဲ့ချည်ထားသတဲ့။ ဒါကြောင့်လူတွေဟာ အစားအသောက်ကိုမြင်နေရပေမဲ့ ဇွန်းတွေကို ပါးစပ်ဆီရောက်အောင်မလုပ်နိူင်ကြတဲ့အတွက် မစားရမသောက်ရနဲ့ ငြိုးငယ်ပိန်ချုန်းစွာထိုင်နေကြတာကိုတွေ့လိုက်ရပါတယ်။
နောက်တစ်နေရာကို ခေါ်သွားပြန်ပါတယ်။ ဒီနေရာမှာလည်း အပြင်အဆင်ကအစ ပထမနေရာအတိုင်းပါပဲတဲ့။ ဇွန်းကြီးလိုလည်း လက်တွေမှာချည်ထားတာပါပဲတဲ့။ ဒါပေမဲ့ ဒီနေရာမှာရှိတဲ့လူတွေက တော့ ဝဖြိုးပြီး ပျော်ရွှင်စွာစကားတစ်ပြောပြောနဲ့နေကြတာကိုတွေ့ရပါသတဲ့။ ဒီအခါမှာ ဘုရင်ကြီးကနားမလည်နိူင်တော့ သူတော်စင် အဘိုးကြီးကိုမေးပါတယ်။ ပထမနေရာနဲ့ ဒုတိယနေရာ အခြေအနေခြင်းက အတူတူပဲ။ ဒါပေမဲ့ ဘာဖြစ်လို့ ပထမနေရာကလူတွေက ငြိုးငယ်ပိန်လိမ်ပြီး ဒုတိယနေရာကလူတွေက ဝဖြိုးပျော်ရွှင်နေကြရပါသလဲလို့မေးတော့………။ သူတော်စင်ကြီးက………ပထမနေရာက ငရဲလို့ခေါ်တယ်ကွယ့်။ ဒုတိယနေရာက ကောင်းကင်ဘုံပဲကွယ့်။ အဓိကကွာခြားသွားတာက စိတ်ပါကွယ်။ ပထမနေရာကလူတွေက မိမိကိုယ်ကိုကိုယ်ပဲ ဉီးစားပေးစဉ်းစားကြတယ်။ ဇွန်းကြီးတွေကရှည်လွန်းနေပြီးစားမရတော့ အဲလိုဖြစ်နေကြတာပေါ့။
ဒုတိယနေရာကလူတွေက သူများကို ဉီးစားပေးစဉ်းစားကြတော့ ဇွန်းကြီးတွေက အရမ်းရှည်ပေမဲ့ တစ်ယောက်တစ်လှည့်စီ လိုအင်ဆန္ဒကိုဖြည့်ဆီးကြရင်းပျော်ရွှင်စွာနေထိုင်နိုင်ကြတာပေါ့ လို့ ပြောပြလိုက်ပါသတဲ့။
ပုံပြင်ကတော့ဒီနေရာမှာဆုံးပါတယ်နော်။ ဒီပုံပြင်လေးကနေပြောချင်တာကတော့ ဒေါသတွေ၊ အတ္တတွေ၊ ငါမှငါဆိုတာတွေနဲ့ပဲနေထိုင်မယ်ဆိုရင်တော့ ကိုယ်လည်းစိတ်ချမ်းသာရမှာမဟုတ်သလို ကိုယ့်ဝန်းကျင်ကိုယ့်အသိုင်းအဝိုင်းကလူတွေဆိုတာလည်း ပျော်ရွင်ရမှာမဟုတ်ပဲ သာယာသောဝန်းကျင်သာယာသောဘဝကိုလည်းပိုင်ဆိုင်နိူင်မှာမဟုတ်ပါဘူးနော်။ ကောင်းကင်ဘုံတွေ ငရဲတွေဆိုတာ တစ်နည်းအားဖြင့် ပျော်ရွှင်ချမ်းမြေ့မှုတွေ အေးချမ်မှုတွေ သာယာမှုတွေနဲ့ မပျော်ရွှင်မှုတွေ မအေးချမ်းမှုတွေ မသာယာမှုတွေဖြစ်ပါတယ်။ အဓိကကတော့ မိမိကိုယ်တိုင်ကဘယ်လိုပြုမှုနေထိုင်သလဲ လောကကြီးကိုဘယ်လိုကြည့်မြင်ပြီး ဘယ်လိုပြုမှုနေထိုင်သလဲဆိုတာနဲ့ပဲဆိုင်တယ်လို့ထင်ပါတယ်။
အတွေးပုံပြင်တစ်ခုကိုမျှဝေခြင်းဖြစ်ပါသည်။
စိန်မျိုးလွင်
Comments