ဘဝနေနည်း



ဘဝနေနည်း
1.    ရေချိုးရင်းသီချင်းဆိုပါ။
2.    မိမိကိုယ်သူများဆက်ဆံစေချင်သလို သူများကိုလည်း မိမိကဆက်ဆံပါ။
3.    တစ်နှစ်မှာအနည်းဆုံး တစ်ခါ နေဝင်တာကိုစောင့်ကြည့်ပါ။
4.    ရေအိမ်သုံးပြီးပြောင်အောင်ဆေးခဲ့ပါ။
5.    တစ်ကူးတကပြုလုပ်ဧည့်ခံသောအစားသောက်ကိုဘယ်တော့မှမငြင်းပါနဲ့။
6.    အကောင်းဆုံးအတွက် အလုပ်လုပ်ပါ။
7.    မွေးနေ့တိုင်း သစ်ပင်စိုက်ပါ။
8.    ဟာသတွေကိုနားထောင်သင်ယူပါ။
9.    ငှားစီးသည့်ယာဉ်ကို ဆီအပြည့်ထည့်ပြီးမှပြန်ပေးပါ။
10.  တစ်နေ့သုံးခါ အနည်းဆုံးပြုံးပြပါ။
11.  ကိုယ်ချစ်ရတဲ့သူတွေကို ချစ်ခင်ကြောင်းပြောဖို့မမေ့ပါနှင့်။
12.  ကိုယ်အသုံးပြုခဲ့တဲ့အရာတိုင်းကိုပိုကောင်းတဲ့အခြေအနေမှာထားခဲ့ဖို့မမေ့ပါနဲ့။
13.  မြင့်မြင့်မားမားတွေးကြံလုပ်ကိုင်ပါ။ အသေးအမွှားတွေနဲ့လည်းကျေနပ်နိူင်ပါစေ။
14.  တက်ကြွပြီး အကောင်းမြင်တတ်တဲ့သူဖြစ်ပါစေ။
15.  သွားကိုနေ့စဉ် စင်ကြယ်အောင်တိုက်ပါ။
16.  ကိုယ်လုပ်နိုင်ပြီဆိုရင် ပိုကောင်းတဲ့တာဝန်ယူမှုကိုတောင်းဆိုပါ။
17.  စားပွဲထိုးတွေကို မုန့်ဖိုးပေးပါ။
18.  သူများကိုရော မိမိကိုယ်ကိုပါ ခွင့်လွှတ်နိူင်ပါစေ။
19.  “ကျေးဇူးတင်ပါတယ်” “ကျေးဇူးပြု၍” များများသုံးပါ။
20.  အဆိုးမြင်တတ်သူများကိုရှောင်ကျဉ်ပါ။
21.  ကလေးတွေ ဈေးရောင်းနေတာတွေ့ရင် တတ်နိူင်သလောက် ဝယ်ပါ။
22.  ဖိနပ်ကိုသပ်သပ်ရပ်ရပ်စီးပါ။
23.  အခြားသူများ၏မွေးနေ့ကို သတိရပါ။
24.  မိမိကိုယ်ကို ပုံမှန်တိုးတက်မှုရှိအောင် သေချာလုပ်ပါ။
25.  ကျန်းမာရေးအတွက် အားကစားလုပ်ပါ။
26.  ပြုံးပြီးမိတ်ဆက်တတ်ပါစေ။
27.  စတင်နုတ်ဆက်သူဟာ ကိုယ်ဖြစ်ပါစေ။
28.  မျက်လုံးချင်းဆုံအောင်ကြည့်ပါ။
29.  ချေးငှားထားသမျှကိုပြန်ပေးပါ။
30.  မိတ်ဆွေသစ်တွေကိုရှာဖွေပါ။ မိတ်ဆွေဟောင်းများကိုလည်း မမေ့ပါနှင့်။
31.  လှို့ဝှက်ချက်များကို ထိန်းသိမ်းပါ။
32.  ဘာသာရေးလိုက်စားပါ။
33.  ပန်းပင်စိုက်ပါ။
34.  ခွေးမွေးပါ။
35.  ကူညီနိူင်သမျှကူညီပါ။
36.  သူများကိုအပြစ်တင်တာတွေရပ်ပါ။
37.  ကိုယ်လုပ်သမျှတိုင်းကိုတာဝန်ယူပါ။
38.  ကလေးတွေကိုတွေ့ရင် နုတ်ဆက်ပါ။
39.  မိမိကိုလိုအပ်နေသူတွေအတွက် အဆင်သင့်ရှိပါ။
40.  လောကကြီးကို တရားမျှတဖို့ မျှော်လင့်မနေပါနဲ့။
41.  ချစ်ခြင်းမေတ္တာတရားကို လျှော့မတွက်ပါနဲ့။
42.  ဘာအကြောင့်ပြချက်မှ မရှိလဲ အရက်သောက်ပါ။
43.  ဘဝကိုပျော်ရွှင်စွာဖြတ်သန်းပါ။
44.  မှားတယ် ဝန်ခံရမှာ မကြောက်ပါနှင့်။
45.  မသိဘူးပြောရမှာ မကြောက်ပါနှင့်။
46.  အသေးအမွှားတိုးတက်မှုကအစ ကျေနပ်တတ်ပါစေ။
47.  ဘာပဲဖြစ်ဖြစ် ကတိတည်ပါစေ။
48.  ချစ်တဲ့သူကို လက်ထပ်ပါ။
49.  မိတ်ဟောင်းများကိုကြင်နာပါ။
50.  မိဘကိုသတိတရဖုန်းခေါ်ပါ။


စိန်မျိုးလွင်

Comments