ထင်မြင်ချက်
လူစည်ကားတဲ့
ပန်းခြံတစ်ခုမှာ သားအဖနှစ်ယောက်လမ်းလျှောက်လာပါတယ်။
“အဖေရေ……….ကြည့်စမ်းပါအုန်း ဟိုဘက်ကသစ်ပင်ကြီးကလှလိုက်တာ” သားဖြစ်သူက ပျော်ရွှင်စွာနဲ့အော်ပြောလိုက်ပါတယ်..

“အဖေရေ…………ကောင်းကင်ကြီးကလည်းလှလိုက်တာ
………ကြည့်စမ်းပါအုံး ……သားဖြစ်သူက ဒုတိယအကြိမ်အော်ပြောလိုက်ပြန်ပါတယ်။ ဘေးနားက လူအချို့က
စိတ်ပျက်စွာနဲ့လှည့်ကြည့်ကြတယ်။ အဖေဖြစ်သူကတော့ပြုံးပြီး “ဟုတ်တာပေါ့ လှလိုက်တာသားရယ်လို့ပြန်ပြောတယ်။”
“အဖေရေကြည့်ပါအုန်းဗျ
တိမ်တွေက သားတို့နောက်ကို လိုက်လာနေတယ်………..” သားဖြစ်သူက ထပ်အော်ပြောတယ်။ ဒီအချိန်မှာတော့
ဘေးနားက စိတ်အနှောက်အယှက်ဖြစ်သွားတဲ့ စုံတွဲတွေက ပြောပါတော့တယ်။ ဉီးလေးရေ………..လူပျိုဖြစ်နေပြီဖြစ်တဲ့
ဉီးသားက ကလေးကလားပုံစံတွေလုပ်ပြီး အော်ဟစ်နေတာကို တားပါဉီးလား။ ဒါမှမဟုတ်လဲသူ့ကို ဆေးရုံကိုခေါ်သွားသင့်ပြီလို့
ဝိုင်းပြီးအပြစ်တင်ကြပါတယ်။ အဖေဖြစ်သူက စိတ်မကောင်းဖြစ်သွားတဲ့အမူအရာနဲ့ အေးအေးလေးပြန်ပြောလိုက်ပါသတဲ့………
“ဟုတ်ပါတယ် ကျွန်တော်တို့အခုပဲ ဆေးရုံက လာခဲ့ကြတာပါ။ ကျွန်တော့်သားက မွေးရာပါမျက်စေ့မမြင်သူလေ။
သူဒီနေ့မှ မျက်စေ့မြင်ရာတာ။ အခုမှဆေးရုံကဆင်းလာခဲ့ကြတာပါတဲ့” ……………………………………………………………..
ဟုတ်ပါတယ် ဒီအဖြစ်အပျက်လေးလိုပါပဲ……
“လူတိုင်းလူတိုင်းမှာ
ကိုယ်မသိသေးတဲ့ အကြောင်းအရာတွေ အများကြီးရှိနေပါတယ်။ အပေါ်ယံအမြင်တွေနဲ့ပဲကောက်ချက်မချကြပါနဲ့။
အပြစ်တင်မစောကြပါနဲ့နော်။ တကယ့်အမှန်တရားကို သင်သိသွားတော့မှ အံ့ဩနောင်တမရကြပါနဲ့”
လေးစားလျှက်
စိန်မျိုးလွင်
Comments