အထင်နဲ့အမြင်
တစ်နေ့ ကော်ဖီဆိုင်တစ်ဆိုင်ကို
ကလေးတစ်ယောက်ရောက်လာပြီး စားပွဲမှာထိုင်လိုက်တယ်။ ပြီးတော့ စားပွဲထိုးအမကြီးကိုမေးလိုက်တယ်။
ရေခဲမုန့်တစ်ပန်းကန်ကို ဘယ်လောက်ပါလဲခင်မျာ။
၅၀ ကျပ် ပါလို့စားပွဲထိုးအမကြီးကပြန်ပြောပါတယ်။ကောင်လေးက သူ့မှာပါတဲ့ အကြွေတွေကိုရေလိုက်ပါတယ်။
ပြီးတော့ထပ်မေးတယ်…………..ရေခဲမုန့်တစ်ခွက်
ဆိုရင်ရောဘယ်လောက်ပါလဲ။ ဆိုင်မှာလူပြည့်နေပြီး နေရာလွတ်လိုချင်နေတဲ့ စားပွဲထိုးအမကြီးကစိတ်မရှည်ပဲ
ငြူငြူစူစူနဲ့ပြန်ပြောလိုက်ပါတယ်။ ၃၅ ကျပ်ပါ။ ကောင်လေးက အကြွေတွေကိုထပ်ရေနေပါတယ်။ ပြီးမှ
ရေခဲမုန့်တစ်ခွက်ပဲပေးပါတော့ဗျာ ဆိုပြီးမှာလိုက်ပါတယ်။ စိတ်မရှည်တော့တဲ့ စားပွဲထိုးအမကြီးက
ရေခဲမုန့်ခွက်တင်မကပဲ ကျသင့်ဘောင်ချာပါတစ်ခါထဲယူလာကာ စားပွဲပေါ်တင်ပေးပြီး လှည့်ထွက်သွားပါတယ်။
………ခဏကြာတဲ့အခါမှာတော့ ကောင်လေးကငွေရှင်းသွားတဲ့အသံကို စားပွဲထိုးအမကြီးက ကြားလိုက်ပါတယ်။
ဒါကြောင့် သူစားသောက်သွားတဲ့စာပွဲကို ရှင်းဖို့သွားလိုက်တဲ့အခါမှာတော့ သူအရမ်းအံ့အားသင့်သွားခဲ့ရပါတယ်။
ဘာဖြစ်လို့လဲ
ဆိုတော့ ကောင်လေးစားသောက်သွားတဲ့ စားပွဲပေါ်မှာ သူမအတွက်ဆိုပြီး မုန့်ဖိုး ၁၅ ကျပ်
ကိုတွေ့လိုက်ရလို့ပါပဲ။
( မှတ်ချက်////////မူရင်းအဖြစ်အပျက်က အနောက်တိုင်းကပါ။ ဒါကြောင့်
ဆင့် အစား ကျပ်လို့သုံးပါသည်။ စားပွဲထိုးတွေသည် အသက်ကြီးလူကြီးအများစုဖြစ်ကြပါသည်။
မုန့်ဖိုးပေးတဲ့အလေ့အထ ရှိဟန်တူပါသည်။)
စိန်မျိုးလွင်
Comments