Skip to main content
တရုတ်ပြည် ဟူနန်ပြည်နယ်က အများပိုင်လိုင်းကားကုမ္ပဏီတစ်ခုကတော့
သူတို့လိုင်းက ကားမောင်းသမားတွေ ကားကိုလုံခြုံဘေးကင်းစွာမောင်းကြစေဖို့ နည်းစနစ်တစ်ခုထွင်ထားပါသတဲ့။
အဲဒါကတော့ ကားမောင်းသူရဲ့ဘေးအပေါ်ဘက်နားမှာ ရေအပြည့်ဖြည့်ထားတဲ့ ဇလုံ သို့ ရေခွက် တစ်လုံးကိုချိတ်ထားတာပါပဲ။
ကားမောင်းသမားတွေက အဲဒီအပြည့်ထည်းထားတဲ့ရေကို ဖိတ်စဉ်မကျအောင် ဂရုစိုက်ပြီးမောင်းကြရမှာပါ။
ကားသိမ်းလို့ပြန်လာတဲ့အချိန်မှာ ချိတ်ထားတဲ့အထဲမှာဖြည့်ထားတဲရေဟာ မဖိတ်မစဉ်ပဲပြန်ပါလာရမယ်လို့လဲကားသမားတွေကို
ပြောထားပါသတဲ့။ တကယ်လို့ဖိတ်ကြသွားခဲ့ရင်လည်း ရေကိုပြန်ဖြည့်ထားလို့မရအောင် CCTV တွေတပ်ထားပြီး
စောင့်ကြည့်သွားမယ်လို့လည်းဆိုပါတယ်။ ဘရိတ်ကိုဆောင့်အုပ်တာ၊ ဂီယာကိုဆောင့်ထိုးပြီးထွက်တာတွေ၊
ချိုင့်တွေဘာတွေကိုရှောင်မမောင်းတဲ့အခါမှာ ခရီးသည်တွေက မကြာခဏ ကွန်ပလိန်းတက်ကြတဲ့အတွက်
ဒီလိုလုပ်ရတာပါလို့ ကုမ္ပဏီတာဝန်ရှိသူတွေကဆိုပါတယ်။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ကားမောင်းသမားတွေက ဘရိတ်ကိုဆောင့်အုပ်တာ၊ ဂီယာကိုဆောင့်ထွက်တာတွေ
မလုပ်ကြတော့ပဲ ခရီးသည်တွေလည်း သက်တောင့်သက်သာစီးနင်းနိင်ကြမယ်လို့ဆိုပါတယ်။ ကျွန်တော်တို့ဆီမှာ
များလုပ်လိုက်ရရင် တော့ ဘာတွေများဖြစ်ကုန်မလဲ နော် ။ အမြင်အမျိုးမျိုးရှိနိူင်ပါတယ်။
မူရင်းဆိုဒ်ကတော့ ဟာသ သတင်းလေးတွေတင်တဲ့ဆိုဒ်ကပါ။ တကယ်ဟုတ်ချင်မှလည်းဟုတ်မှာပါ။ ဒါပေမဲ့
အိုင်ဒီယာလေး သဘောကြလို့ပါ။ မူရင်းလင့်လေးပေးထားပါတယ်နော်။ ဝင်ကြည့်လိုက်ပါ။
https://www.funny-jokes.com/humor/jokes/jokes_drunk.htm
SML
Comments