ရေအိုးကွဲလေး


ရေအိုးကွဲလေး

ပုံပြင်လေးကတော့ အသက်ကြီးကြီး တရုတ်မိန်းမကြီးတစ်ယောက်နဲ့စပါတယ်။ သူမမှာ ရေခပ်တဲ့ ရေအိုးလေးနှစ်လုံးရှိပါတယ်။ သူ့မှာရှိတဲ့ ရေအိုးလေးနှစ်လုံးကို ဆိုင်းပိုး(ထမ်းပိုး)ရဲ့ဟိုဘက်ဒီဘက်မှာချိတ်ပြီး သူမဟာ စမ်းချောင်းလေးကနေအိမ်ကို နေ့စဉ် ရေခပ်ရပါသတဲ့။ အိုးနှစ်လုံးမှာတစ်အိုးက အက်ကွဲကြောင်းလေးပါနေပြီး တစ်အိုးကတော့လုံးဝအကောင်းပါ။ ဒါကြောင့် သူမရေခပ်တဲ့ အခါတိုင်း အိမ်ကိုပြန်ရောက်ပြီဆိုရင် ရေအိုးအကောင်းလေးက ရေအပြည့်အမြဲပါပါတယ်။ ကွဲကြောင်းပါတဲ့ အိုးလေးကတော့ အပြန်လမ်တလျှောက်ရေတွေ တစက်စက်ကျနေတာပေါ့။ ဒီလိုနဲ့ စမ်းချောင်းကနေ အိမ်အထိခရီးကအနည်းငယ်လှမ်းတဲ့အတွက် အိမ်ကိုရောက်တဲ့အခါမှာတော့ ကွဲကြောင်းပါတဲ့အိုးလေးက ရေတဝက်ပဲပါတော့တယ်။
ဒီလိုဖြတ်သန်းလာခဲ့ကြတာ နှစ်နှစ်လောက်ကြာလာခဲ့ပါတယ်။ ရေခပ်ပြီးအိမ်ကိုပြန်ရောက်လာတိုင်း တဖက်ကအိုးလေးကတော့ သူကရေအမြဲအပြည့်ပါတဲ့အတွက် အမြဲဂုဏ်ယူနိူင်ပြီး ကွဲနေတဲ့အိုးလေးကတော့အမြဲဂုဏ်ငယ်ရပါတယ်။
ဒီလိုနဲ့ပဲ ခါးသီးတဲ့အရှက်ရမှုတွေကိုရင်ဆိုင်ရင်း အချိန်ကြာလာတဲ့အခါ တစ်နေ့ ရေခပ်လာရင်း စမ်းချောင်းလေးဘေးကိုရောက်တဲ့အချိန် ကွဲကြောင်းပါတဲ့အိုးလေးက သူ့ရဲကွဲကြောင်းလေးကနေ ရေခပ်ပြန်လမ်းတလျှောက်အိမ်ကိုပြန်စဉ်မှာရေတွေယိုစိမ့်နေတဲ့အတွက် သူဘယ်လောက်အရှက်ရကြောင်း သူဘယ်လိုခံစားရကြောင်းတွေ ရေခပ်သူမိန်းမကြီးကိုဖွင့်ပြောပါတော့တယ်။ အဲဒီစကားကိုကြားလိုက်ရချိန်မှာ ရေခပ်သူမိန်းမကြီးက ပြုံးလိုက်ပါတယ်။ ပြီးတော့ ပြောလိုက်တယ်…ရေအိုးလေးရေ ရေခပ်ပြန်လမ်းတစ်လျှောက်ရဲ့ မင်းရှိတဲ့ဘက်အခြမ်းမှာပန်းလေးတွေပွင့်နေတာ မင်းသတိထားမိရဲ့လား ။ မြေဇာမြက်လေးတွေလဲစိမ်းနေလေရဲ့။ ဒါပေမဲ့ အခြားဘက်အခြမ်းမှာတော့မရှိဘူးလေ။ဘာဖြစ်လို့လဲဆိုတော့ ရေခပ်ပြီးပြန်လာတိုင်း အပြန်လမ်းတစ်လျှောက်မှာ မင်းရဲ့အက်ကွဲကြောင်းလေးကနေ ကျနေတဲ့ ရေစက်လေးတွေက သူတို့ကို ရေလောင်းပေးနေလို့ပဲ။ အခုဆိုရင် မင်းရဲ့ရေစက်လေးတွေကြောင့်ရှင်သန်နေတဲ့ ပန်းပင်လေးတွေကနေ လှပတဲ့ပန်းလေးတွေကို ငါခူးပြီး အိမ်ကစားပွဲခုံကို အလှဆင်ထားနိူင်ပြီလေ။ မင်းသာ အဲဒီလိုနေ့စဉ် မင်းရဲ့အက်ကြောင်းလေးကနေရေလောင်းနေသလိုမျိုး မရှိခဲ့ရင် ငါဒီလိုမျိုးအိမ်က စားပွဲခုံလေးကို အလှဆင်နိုင်မှာမဟုတ်ဘူး။မင်းဟာတန်ဘိုးရှိတဲ့အိုးလေးပါလို့ ပြန်ပြောလိုက်ပါတယ်တဲ့။ ပုံပြင်လေးကတော့ဒီမှာဆုံးပါတယ်နော်။ ဒီပုံပြင်လေးကနေ ကျွန်တော်တို့ ရလိုက်တာက လူတိုင်းလူတိုင်းဟာ ဘဝမှာ ပြီးပြည့်စုံတယ်ဆိုတာမရှိပါဘူးဗျာ။ အက်ကြောင်းလေးတွေ၊ အရှအနာလေးတွေ၊မပြည့်စုံမှုလေးတွေရှိကြစမြဲပါပဲ။ သိုသော် ဒီအက်ကြောင်းလေးတွေ အရှအနာလေးတွေ မပြည့်စုံမှုလေးတွေကိုယ်၌ကလည်း လောကကိုကောင်ကျိုးပြုနေတာလေးတွေရှိနေတတ် ရှိနေနိုင်ပါတယ်။ ကျွန်တော်တို့မြင်အောင်ကြည့်တတ်ဖို့ပဲလိုတာပါနော်။ ဒါကြောင့် ဘဝမှာ အားငယ်စရာတွေ မပြည့်စုံမှုတွေ အပြစ်အနာတွေကြုံလာရရင် သူတို့ရဲ့ကောင်းကွက်လေးတွေ ကိုကြည့်တတ်မြင်တတ်ပြီး ဘဝအမောတွေကို ရင်ဆိုင်နိူင်ကြပါစေဗျာ။
စိန်မျိုးလွင်