စီမံခန့်ခွဲမှုဆိုသည်မှာ……………….
တစ်နေ့မှာ ဂျပန်ကုမ္ပဏီနဲ့ အမေရိကန်ကုမ္ပဏီတို့ဟာလှေပြိုင်ပွဲလုပ်ဖို့သဘောတူကြပါသတဲ။ သဘောတူပြီးနောက်ပိုင်း နှစ်ဖက်အသင်းသားများဟာ ပြိုင်ပွဲမှာအကောင်းဆုံး ယှဉ်ပြိုင်နိူင်ဖို့ အသဲအသန် လေ့ကျင့်ပြင်ဆင်ကြပါတော့တယ်။
ဒီလိုနဲ့ပြိုင်ပွဲနေ့ကိုရောက်လာပြီးယှဉ်ပြိုင်ကြတဲ့အခါမှာတော့ ဂျပန်ကုမ္ပဏီအသင်းက တစ်မိုင်အသာနဲ့ပန်းဝင်ပါတယ်။
အမေရိကန်အသင်းစီမံခန့်ခွဲရေးတာဝန်ရှိသူတွေဟာ ပြိုင်ပွဲမှာရှုံးရတဲ့အတွက် တော်တော်သိက္ခာကျ အရှက်ရပြီး သူတို့အသင်းဘာကြောင့်ရှုံးရသလဲဆိုတာကို စုံစမ်းစစ်ဆေးရေးလုပ်ဖို့ဆုံးဖြတ်ကြပါတယ်။အမေရိကန်အသင်းစီမံခန့်ခွဲရေးတာဝန်ရှိသူတွေက လှေပြိုင်ပွဲ ဘာကြောင့်ရှုံးရသလဲဆိုတာကို အဖြေရှာဖော်ထုတ်ဖို့ စုံစမ်းစစ်ဆေးရေးကော်မတီဆိုပြီးတော့ အကြီးတန်းစီမံခန့်ခွဲရေးကော်မတီဆိုတာကိုထပ်ဖွဲ့ကြပါသတဲ့။ပြိုင်ပွဲမှာ ဂျပန်အသင်းကို တစ်မိုင်အကွာနဲ့ဘာကြောင့်သူတို့အသင်းရှုံးရသလဲဆိုတာကို အဖြေရှာလိုက်တဲ့အခါ သူတို့တွေ့ရှိချက်ကတော့ သူတို့အသင်း(အမေရိကန်) မှာ လှေလှော်သူ ၁ ယောက်နဲ့ ပဲ့ကိုင် ၈ ယောက်ဖြစ်နေပြီး ဂျပန်အသင်းမှာတော့ လှေလှော်သူ ၈ ယောက်နဲ့ ပဲ့ကိုင်သူ ၁ ယောက်ပဲရှိတာကိုသွားတွေ့ပါတယ်. ဒါကြောင့် အမေရိကန် ကုမ္ပဏီအသင်းက စီမံခန့်ခွဲရေးတာဝန်ရှိသူတွေဟာ သူတို့ကို အကြံဉာဏ်ပေးနိူင်ဖို့အတွက် အကြံပေးကုမ္ပဏီတစ်ခုကို ဈေးကြီးပေးပြီးထပ်ငှားကြပါတယ်။ အကြံပေးတွေက ဒီလိုအကြံပေးပါတယ်။ ခင်များတို့အသင်းက ပဲ့ကိုင်သူများနေပြီး လှေလှော်သူကနည်းနေတယ်။ နောက်တစ်ခါ ဂျပန်အသင်းကို မရှုံးဖို့ဆိုရင် မင်းတို့လှေလှော်အသင်းရဲ့ စီမံခန့်ခွဲမှုပုံစံကို ပြုပြင်ပြောင်းလဲပစ်မှရမယ် ဆိုပြီး အကြံပေးကြပါတယ်။ဒါကြောင့် အကြံပေးတွေရဲ့ အကြံပြုချက်အတိုင်း အမေရိကန်လှေလှော်အသင်းကို ပြန်လည်ဖွဲ့စည်း လိုက်တာက
လှေလှော်သူ ……………..၁
လှေလှော်ကြီးကြပ်သူ………၃
ပဲ့ကိုင်သူ..............၃
ပဲ့ကိုင်ကြီးကြပ်သူ………..၁
လှေလှော်အသင်းကြီးကြပ်သူ ……………၁ ယောက်နဲ့
အသင်းကို ပြင်ဆင်ဖွဲ့စည်းလိုက်ပါတယ်။ ဒါတင်မကပဲ အသင်းရဲ့ စွမ်းဆောင်ရည် အလိုက် ချီးမြှင့်မှုပုံစံကိုလည်း ပြောင်းပစ်လိုက်ပါတယ်။ လှေလှော်သူရဲ့ကြိုးစားအားထုတ်မှုပိုကောင်းလာရင် ဆုငွေလည်းများများပေးမယ်ဆိုပြီး လှေလှော်သူရဲ့ ကြိုးစားအားထုတ်မှုပိုကောင်းလာစေဖို့တဲ့ရည်ရွယ်ချက်နဲ့ပေါ့။ အဲဒီ အစီအစဉ်ကိုလည်း “လှေလှော်အသင်း အရည်အသွေးဉီးစားပေးအစီအစဉ်” ဆိုပြီးနာမည်ပေးလိုက်ကြပါတယ်။ ပြီးတော့ အစီအစဉ်သစ်နဲ့ပတ်သက်ပြီး အစည်းအဝေးတွေ၊ ညစာစားပွဲတွေလုပ်တဲ့အပြင်လှေလှော်သူအတွက်ဆိုပြီး
ကြော်ငြာတာမျိုး စာစောင်တွေထဲ ထည့်တာမျိုးတွေလုပ်ပေးပါတယ်။ ဒါအပြင် လှော်တက်အသစ်၊ ကနူးလှေအသစ်နဲ့အခြားသော လိုအပ်တဲ့ ပစ္စည်းတွေအပြင် အပိုအားလပ်ရက်တွေ၊ လေ့ကျင့်ရေးအပိုဆုတွေလည်းလုပ်ပေးပါသေးတယ်။
နောင်နှစ်ပြိုင်ပွဲလည်းတကယ်ပြိုင်ရော အမေရိကန်အသင်းက ဂျပန်အသင်းကို နှစ်မိုင်အကွာနဲ့ထပ်ပြီးရှုံးပါတယ်။
ဒါကြောင့် ပြိုင်ပွဲပြီးတဲ့နောက်ရက်မှာတော့ အမေရိကန်ကုမ္ပဏီက စီမံခန့်ခွဲသူတွေဟာ လှေလှော်အသင်းရဲ့ စွမ်းဆောင်ရည်အရမ်းညံ့ဖျင်းတယ် ရှက်စရာအရမ်းကောင်းတယ်ဆိုပြီး လှေလှော်သူကို အလုပ်ထုတ်ပစ်လိုက်ပါတယ်။ ကနူးလှေအသစ် ဖွံ့ဖြိုးရေးအစီအစဉ်ကိုလည်းရပ်ဆိုင်းပစ်လိုက်ပါတယ်။ လှော်တက်တွေကို ရောင်းချလိုက်တဲ့အပြင် အပိုပစ္စည်းတွေအတွက်ရင်းနှီးမြှပ်နှံမှုတွေကိုလည်း ရပ်ဆိုင်းပစ်လိုက်ပါတယ်။ ကုမ္ပဏီ၏လှေလှော်အသင်းအတွက် စုဆောင်းထားတဲ့ ဆုငွေတွေကိုလည်း အကြီးတန်း စီမံခန့်ခွဲမှုကောမတီဝင်တွေကို ခွဲဝေပြီးဆုချပစ်လိုက်ပါတယ်။ နှောင်နှစ်အတွက် လှေလှော်ပြိုင်ပွဲအတွက် လှေလှော်အသင်းကို လည်း အန္ဒိယကနေ ငှားပြီးယှဉ်ပြိုင်စေတော့တယ်။ ပြိုင်ပွဲဖြစ်စဉ်လေးကတော့ ဒီမှာဆုံးပါတယ်။ ကျွန်တော်တို့လည်း ဘဝမှာ ဒီလိုစီမံခန့်ခွဲမှုပုံစံတွေနဲ့ ခရီးဆက်နေရတာ ဖြစ်ကောင်းဖြစ်မှာပါ။ သူငယ်ချင်းတို့ ဒီပုံပြင်လေးကနေ ဘာတွေများရလိုက်သလဲအောက်မှာရေးခဲ့ပေးကြပါလားဗျာ။
လေးစားလျှက်
စိန်မျိုးလွင်