မူရင်းကတော့တရုတ်ပုံပြင်လေးပါ။ အခြားသောသူတွေလည်း
ဖေ့ဘုတ်ပေါ်မှာတင်တာ တွေ့ဘူးပါတယ်။ မဖတ်ဘူးသေးသောသူများအတွက်ရည်ရွယ်ပါတယ်။ စဉ်းစားစရာကောင်းသော
အတွေးအခေါ်စဉ်းစားနည်းတွေကို နိူးဆွပေးနိုင်တဲ့အတွက် အဆုံးအထိဖတ်ကြည့်ကြစေချင်ပါတယ်။
သင့်အတွက် တစ်ခုခုတော့ ရမယ်ဆိုရင် အကျိုးရှိမှာပါ။
ဟိုးရှေးရှေးတုန်းက တရုတ်ပြည်က ရွာလေးတစ်ရွာမှာ
ဆင်းရဲသား ဖန်းနဲ့မိုင်လို့ခေါ်တဲ့ သားအဖနှစ်ယောက်ရှိတယ်တဲ့။ သူတို့သားအဖနှစ်ယောက်ဟာ
ကျေးရွာမှာရှိတဲ့ အကြွေးရှင်းဆီကို အကြွေးများစွာတင်နေသတဲ့။တစ်နေ့မှာတော့ စိတ်ကောင်းမရှိတဲ့
အကြွေးရှင်က ဖန်းကိုလာပြောတယ်။သူ့အကြွေးတွေကို မဆပ်ချင်ရင် မိုင်ဆိုတဲ့ ဖန်းရဲ့သမီးလေးကို
သူဆီအပ်ရမယ်တဲ့။ မိုင်ကသာ သူရဲ့မယားအဖြစ်သူနဲ့လက်ထပ်မယ်ဆိုရင် သူကအကြွေးတွေကို
အကုန်လျှော်ပစ်မယ်လို့ တောင်းဆိုတဲ့အခါ ရုပ်ဆိုးဆိုး စိတ်ထားမကောင်းတဲ့
အဖိုးကြီးနဲ့ မိုင်ဆိုတဲ့ကလေးမလေးက အတူပေါင်းသင်းမနေချင်ဘူးပေါ့ကွယ်။ ဖန်းနဲ့မိုင်တို့သားအဖဟာ
ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင် စိတ်ညစ်ပြီးကြောက်လန့်နေကြရတာပေါ့။ ဒီလိုဖြစ်နေချိန်မှာပဲ
ကောက်ကျစ်ယုတ်ပတ်တဲ့ အကြွေးရှင်က အဆိုပြုချက်အသစ်တစ်ခု ပြောပြလာတယ်။ သူ့ဆိုပြုချက်က
ဒီလိုပါ။
ကျောက်ခဲအဖြူတစ်လုံးနဲ့အနက်တစ်လုံးကို
အိတ်အလွတ်ထဲမှာထည့်ထားမယ်။ အိတ်ထဲမှာထည့်ထားတဲ့ကျောက်ခဲနှစ်လုံးထဲက ကျောက်ခဲတစ်လုံးကို
မိုင်ကမကြည့်ပဲရွေးပေးရမယ်။တကယ်လို့ မိုင်အနေနဲ့ ရွေးလိုက်တဲ့ကျောက်ခဲဟာ
1.
အနက်ဖြစ်နေတယ်ဆိုရင် …….မိုင်က သူ့ကိုလက်ထပ်ရမယ်။သူ့နေနဲ့
မိုင်အဖေ ဖန်းရဲ့အကြွေးတွေကို ချေပေးမယ်။
2.
အဖြူဖြစ်နေတယ်ဆိုရင် …….မိုင်က
သူ့ကိုလက်ထပ်စရာမလိုဘူး။ဒါပေမဲ့ မိုင်အဖေ ဖန်းရဲ့အကြွေးတွေကိုတော့ ချေပေးမယ်။
3.
ဒါပေမဲ့ သူပေးတဲ့အဆိုပြုချက်(အလောင်းအစား)ကိုလက်မခံပဲ
မိုင်က ငြင်းမယ်ဆိုရင် မိုင်ရဲ့အဖေ ဖန်းကို ထောင်ထဲပို့မယ်။
ဒီလိုနဲ့မိုင်တို့သားအဖဟာ အခြားရွေးစရာလည်းမရှိတော့
အကြွေးရှင်ရဲ့အဆိုပြုချက်ကိုလက်ခံလိုက်ရတယ်။ ဒီလိုနဲ့ အလောင်းအစားလုပ်မဲ့နေ့ကိုရောက်လာတော့
ဖန်းရယ် မိုင်ရယ် အကြွေးရှင်ရယ် အခြားသက်သေလိုက်ကြမဲ့ ရပ်ရွာလူကြီးတွေအားလုံးဟာ ကျောက်စရစ်ခဲတွေပေါတဲ့
မိုင်တို့လယ်တောထဲက အိမ်လေးရှေ့မှာ စုစည်းရောက်ကြတယ်။ ပြီးတော့ သူတို့သဘောတူထားတဲ့အတိုင်း
လောင်းကစားလုပ်ဖို့အတွက် အကြွေးရှင်ကြီးက ကျောက်ခဲနှစ်လုံးကိုကောက်ယူလိုက်ပြီးအိတ်ထဲကိုထည့်လိုက်ပါတယ်။ပြီးတော့
မိုင်ကို အိတ်ထဲကကျောက်ခဲနှစ်လုံးကို မကြည့်ပဲ တစ်လုံးကိုရွေးနိုင်တယ်လို့ပြောလိုက်တယ်။
ဒါပေမဲ့ အကြွေးရှင်ကြီးဟာ ညစ်ပတ်တဲ့စိတ်ဓာတ်နဲ့
အနက်ရောင်ကျောက်ခဲနှစ်လုံးကိုပဲကောက်ယူပြီး အိတ်ထဲကိုထည့်လိုက်တာကို မျက်စေ့လျှင်တဲ့
မိုင်လေးက မြင်လိုက်တယ်။ ဒီနေရာမှာကျွန်တော်တို့ ခဏလေး စဉ်းစားကြည့်ရအောင်ပါ။
သင်သာမိုင်နေရာမှာဆိုဘာလုပ်မလဲ။သင်သာ မိုင်ကိုအကြံဉာဏ်ပေးခွင့်ရမယ်ဆိုရင် ဘယ်လိုအကြံတွေ
မိုင်ကိုပေးမလဲ။ ဖြစ်နိုင်ခြေလေးတွေ ချရေးကြည့်ရအောင်ပါ။
မိုင်အနေနဲ့ အလောင်းအစားကိုဆက်လုပ်ဖို့ငြင်းမယ်။
ဒါဆိုရင် အကျိုးဆက်က ဘာဖြစ်မလဲ။ သူ့မအဖေ ဖန်းထောင်ထဲဝင်ရမယ်။
မိုင်အနေနဲ့ အကြွေးရှင်ဟာ လိမ်လည်လှည့်ဖြားကောက်ကျစ်သူပါဆိုတာကိုဖော်ထုတ်ပြီး
အိတ်ထဲမှာရှိတဲ့ အနက်ရောင်ကျောက်ခဲနှစ်လုံးကို ယူပြီးသက်သေပြမလား။ ဒါဆိုရင်
အကျိုးဆက်က ဘာဖြစ်မလဲ။ကစားပွဲကို နောက်တစ်ကြိမ်ပြန်စမလား။ နောက်တစ်ကြိမ်ပြန်စရင်လဲ
မိုင်အနေနဲ့က နိူင်ဖို့ရာခိုင်နူန်းက ၅၀/၅၀ ပါပဲ။ နဂိုပေးထားချက်တွေထဲက
အတိုင်ပဲသွားမှာပေါ့။ဘာမှထူးမလာဘူးဖြစ်မယ်။
မိုင်အနေနဲ့က မမျှတမှန်းသိပေမဲ့ ကစားပွဲကိုလက်ခံပြီး
ကျောက်ခဲကိုရွေးလိုက်မယ်။ အကြွေးရှင်နဲ့လက်ထပ်ပြီး သူ့အဖေ အကြွေးတွေကြောင့်ထောင်ကျရမဲ့
အစား အနစ်နာခံလိုက်မယ်ပေါ့။
ခဏလောက်ပြန်ပြီးသေချာစဉ်းစားကြည့်ရအောင်ပါ။ဒီပုံပြင်
အဖြစ်အပျက်ကလေးက ကျွန်တော်တို့ကို ပုံမှန် ယုတ္တိဗေဒစဉ်းစားနည်းနဲ့ ဖြန့်ထွက်စဉ်းစားခြင်းရဲ့
ရလာဒ် အကျိုးဆက်က ဘယ်လိုကွာခြားသလဲဆိုတာကို နားလည်လာစေပါလိမ့်မယ်။ ဒီနေရာမှာ
မိုင်ကြုံတွေ့နေရတဲ့ စဉ်းစားဆုံးဖြတ်ရခက်ခဲတဲ့ အကျပ်အတည်းကို ပုံမှန်ယုတ္တိဗေဒစဉ်းစားနည်းနဲ့အဖြေထုတ်မပေးနိူင်ပါဘူး။အပေါ်က
စဉ်းစားနည်းသုံးမျိုက ပုံမှန်ယုတ္တိဗေဒနည်းနဲ့စဉ်းစားထားတာတွေပါ။ အကျိုးဆက်တွေကိုကြည့်မယ်ဆိုရင်
ဘယ်တစ်ခုကမှ မိုင်တို့သားအဖအတွက် အကောင်းဆုံးအဖြေကိုအပေးနိူင်ပါဘူး။
ကဲမိတ်ဆွေကော မိုင်အတွက် ဘယ်လိုအကြံများပေးချင်ပါသလဲ?
မိုင်ကတော့ ဒီလိုလုပ်လိုက်တယ်ဗျာ။
မိုင်က အိတ်ထဲမှာထည့်ထားတဲ့ကျောက်ခဲနှစ်လုံးထဲကတစ်လုံးကို နိူတ်ယူပြီး လုံးဝမကြည့်ပဲချက်ချင်း
(မတော်တဆဟန်ဖြင့်) သူတို့ဘေးနားကကျောက်ခဲတောထဲကို လွှင့်ပစ်လိုက်ပါတယ်။ ပြီးတော့မှပြောလိုက်ပါတယ်။
အို…………ကျမက နမော်နမဲ့နဲ့အသုံးမကျတာပါရှင်။ ဒါပေမဲ့မပူကြပါနဲ့။ အိတ်ထဲမှာကျန်နေတဲ့
ကျောက်ခဲရဲ့အရောင်ကိုကြည့်လိုက်ရင် ကျမဘာအရောင်ကျောက်ခဲကို ရွေးလိုက်သလဲဆိုတာသိရမှာပါ။
အသိသက်သေလူကြီးများကလည်း သူမပြောတာ သဘာဝကျတဲ့အတွက်
လက်ခံလိုက်ကြပါတယ်။ အိတ်ထဲမှာကျန်နေတဲ့ကျောက်ခဲကို ကြည့်တော့ အနက်ရောင်ကျောက်ခဲကိုသာ
တွေ့တဲ့အတွက် သူမ(မိုင်)ရွေးချယ်လိုက်တဲ့ကျောက်ခဲဟာ အဖြူရောင်လို့သတ်မှတ်လိုက်ကြပါတယ်။
အကြွေးရှင်ကြီးအနေနဲ့ကလည်း သူညစ်ပတ်အကောက်ကြံထားတာကို လူသိမခံနိူင်တော့ အဖြေကို
လက်ခံလိုက်ရပါတယ်။ရလာဒ်ကတော့ ဖန်းနဲ့မိုင်တို့သားအဖဟာ အကြွေးတွေလည်းကြေ ၊ မိုင်လည်း
အကြွေးရှင် လူယုတ်မာနဲ့လက်ထပ်စရာမလိုတော့ဘူးပေါ့။ ပုံပြင်လေးကဒီမှာဆုံးပါတယ်။
သို့သော် ဒီပုံပြင်လေးကနေကျွန်တော်တို့
ဘာများရလိုက်ပါသလဲ။ မိုင်စဉ်းစားသွားတဲ့ စဉ်းစားနည်းလေးကို ဖြန့်ထွက်တွေးခြင်းလို့ခေါ်ပါတယ်။
ကျွန်တော်တို့ ဘဝမှာလည်းတစ်ခါတစ်လေမှာ ပုံမှန်ယုတ္တိဗေဒနည်းနဲ့စဉ်းစားလို့ ရလာဒ်ကောင်မထွက်နိုင်တာတွေအများကြီးကြုံကြရမှာပါ။
အဲဒီလိုကြုံလာခဲ့ရင် သင့်အတွက် အနည်းဆုံးတော့အထောက်အကူပြုမှာပါ။ ပုံပြင်လေးမှာတော
သခ်န်းစာထုတ်ပြထားပါတယ် “သင်အလုပ်ကို အရမ်းအားထုတ်ဖို့မလိုပါဘူးတဲ့ အလုပ်ကို ချက်ချာပါးနပ်စွာလုပ်ဖို့ပဲလိုအပ်ပါတယ်”တဲ့
မူရင်းဖတ်ချင်သူများအတွက်လည်း အောက်မှာ
ပေးထားပါတယ်နော်။
A
Story About Two Pebbles, Set Over Photos of China
Transcript
of the Story of Two Pebbles
Many years ago in a small Chinese
village, a farmer called Feng had the misfortune of owing a large sum of money
to a village moneylender. The moneylender, who was old and ugly, fancied the
farmer's beautiful daughter Mei. So he proposed a bargain.
He said he would forgo the Feng's
debt if he could marry his daughter. Both the farmer and his daughter Mei were
horrified by the proposal. So the cunning money-lender suggested that they let
providence decide the matter. He told them that he would put a black pebble and
a white pebble into an empty money bag. Then Mei would have to pick one pebble
from the bag.
If Mei picked the black pebble, she
would become his wife and her father's debt would be forgiven.
- If she picked the white pebble, she need not marry him and her father's debt would still be forgiven.
- But if she refused to pick a pebble, her father would be thrown into jail.
They were standing on a pebble
strewn path in the farmer's field. As they talked, the moneylender bent over to
pick up two pebbles. As he picked them up, the sharp-eyed girl noticed that he
had picked up two black pebbles and put them into the bag. He then asked the
girl to pick a pebble from the bag.
Now, imagine that you were standing
in the field. What would you have done if you were the girl? If you had to
advise her, what would you have told her?
Careful analysis would produce three
possibilities:
- Mei should refuse to take a pebble.
- The girl should show that there were two black pebbles in the bag and expose the money-lender as a cheat.
- Mei should pick a black pebble and sacrifice herself in order to save her father from his debt and imprisonment.
Take a moment to ponder over the
story. The above story is used with the hope that it will make us appreciate
the difference between lateral and logical thinking. The girl's dilemma cannot
be solved with traditional logical thinking. Think of the consequences if she
chooses the above logical answers.
What would you recommend that Mei
should do?
Well, here is what she did ....
The daughter put her hand into the
moneybag and drew out a pebble. Without looking at it, she fumbled and
let it fall onto the pebble-strewn path where it immediately became lost among
all the other pebbles.
"Oh, how clumsy of me,"
Mei said. "But never mind, if you look into the bag for the one that is
left, you will be able to tell which pebble I picked."
Since the remaining pebble is black,
it must be assumed that she had picked the white one. And since the
money-lender dared not admit his dishonesty, the girl changed what seemed an
impossible situation into an extremely advantageous one.
Moral
of the Story:
Most complex problems do have a
solution. It is only that we don't attempt to think. Start your day with this
thought-provoking story and have a nice day.
DONT WORK HARD...... "WORK
SMART"