သက်ဆိုင်သူများသို့
In life, you get what you give
တစ်ခါကကျေးရွာတစ်ရွာမှာ ထောပတ်ရောင်းတဲ့လယ်သမားတစ်ယောက်ရှိပါတယ်။သူက သူ့ရွာမှာရှိတဲ့ မုန့်လုပ်တဲ့သူဆီကို သူ့ထောပတ် ၁ ပေါင် အမြဲရောင်းပါတယ်။ တနေ့တော့ မုန့်ဖုတ်တဲ့သူက ထောပတ်ကိုအလေးချိန် ပြည့်မပြည့်ချိန်ကြည့်တော့ ၁ ပေါင် မပြည့်တာကို သိသွားပါတယ်။ ဒါကြောင့် စိတ်ဆိုးပြီး ထောပတ်ရောင်းတဲ့လယ်သမားကိုတရားစွဲသတဲ့။ ထောပတ်ကို လေးချိန်ပြည့်အောင်သေချာချိန်ရဲ့လားလို့ တရားသူကြီးက လယ်သမားကို မေးပါတယ်။ လယ်သမားကပြောပါတယ်…..တရားသူကြီးမင်းခင်များ ကျွန်တော်က စာမတတ်ပေမတတ်တစ်ယောက်ပါခင်ဗျာ။ အလေးချိန်တွေဘာတွေ သိပ်မသိ သိပ်မတွက်တတ်ပါဘူးခင်ဗျ။ ဒါပေမဲ့ကျွန်တော် မှာ ကောင်းမွန်တဲ့ အလေးချိန်နည်းတစ်ခုတော့သိပြီး အဲလိုပဲအမြဲချိန်ပါတယ်ခင်ဗျာလို့ပြောပါတယ်။ တရားသူကြီးကမေးတယ် ။ ကဲ ဒါဆိုရင် ခင်ဗျားဘယ်လိုချိန်သလဲပြောပါဆိုတော့ “တရားသူကြီးမင်းခင်မျာ…..ဒီမုန့်ဖုတ်သမားဟာ ကျွန်တော်ဆီက ထောပတ် ၁ ပေါင် ကို အမြဲဝယ်ယူအားပေးလာတာကြာပါပြီ။ ထို့အတူကျွန်တော်ကလည်း သူဆီက ပေါင်မုန့် ၁ ပေါင် ကို အပြန်အလှန်အနေနဲ့ အမြဲအားပေးခဲ့ပါတယ်။ ကျွန်တော်ကလည်း အလေးတွေ ချိန်ခွင်တွေ သိပ်မတွက်တတ်တော့ ကျွန်တော် သူ့ကိုပေးဖို့ထောပတ်ကို အလေးချိန်တဲ့အခါ သူ့ဆီက ဝယ်ခဲ့တဲ့ ၁ ပေါင်လေးတဲ့ပေါင်မုန့်နဲ့ အမြဲချိန်တွယ်ခဲ့ပါတယ်ခင်များ။ ဒါကြောင့် အပြစ်တင်သင့်သူဟာ ကျွန်တော်မဟုတ်ပဲ ပေါင်မုန့်ဖုတ်သူသာဖြစ်ပါတယ်ဆိုပြီး တင်ပြလိုက်ပါသတဲ့”။ဒီပုံပြင်လေးကနေပြောချင်တာက လူဆိုတာ ကိုယ်ပေးတာကို ကိုယ်ပြန်ရတာပါပဲ။ တစ်ခါတစ်လေမှာ ကျွန်တော်တို့က သူများကို လက်ညိုးတွေထိုး အပြစ်တွေမြင်တတ်ကြပါတယ်။ တကယ်ဆန်းစစ်ကြည့်လိုက်ရင်တော့ ဒီအပြစ်တွေဟာ ကိုယ်ကနေအခြေခံမွေးထုတ်လိုက်တာမျိုးလဲဖြစ်နေတတ်ပါတယ်။ လူတိုင်းဟာ ပြည့်စုံတယ်လို့မရှိပါဘူး။ အားနည်းချက်ကိုယ်စီရှိကြတာ ဓမ္မတာပါပဲ။ ညီညွတ်ကြဖို့ဆိုရင်တော့ သူ့အပြစ်တွေကိုလည်း နားလည်ပေးနိူင်ရမှာဖြစ်သလို ကိုယ့်အပြစ်တွေကိုလည်းမြင်အောင်ကြည့်နိူင်ကြဖို့လိုပါတယ်။ လူတိုင်းလူတိုင်းဟာ ဘဝဆိုတာကို နားလည်ပုံ၊ ခံစားပုံ၊ အဓိပ္ပါယ်ဖွင့်ပုံ၊ တွေးပုံ၊ မြင်ပုံ မတူကြပါဘူး။ မတူတာတွေကို လက်ခံနိုင်စွမ်းရှိနိူင်ကြပါစေ။ မိမိအမြင်အပေါ်မှာပဲအသေရပ်မနေကြပဲ “ငါသာသူ့နေရာမှာဆိုရင်” ဆိုတဲ့ အတွေးမျိုးလဲတွေးနိူင်ကြပါစေ။ ပစ္စုပန်ဆိုတာထက် အနာဂတ်ဆိုတာကိုမျက်နှာမူနိူင်ကြပြီး နောင်လာမဲ့သားသမီး မြေးမြစ် ဆိုတဲ့ မျိုးဆက်သစ်တွေအတွက် အမွေကောင်း အဖြစ် သာယာအေးချမ်းသော ၊ချစ်ခင်စည်းလုံးသော နေထိုင်ချင်စရာကောင်းတဲ့ ရပ်ရွာလေးအဖြစ် အမွေပေးနိူင်ခဲ့ကြပါစေ။ တွေးနိူင်ကြပါစေ………တွေးနိူင်စွမ်းရှိကြပါစေ……..တွေးပြီးမြင်နိူင်စွမ်းရှိကြပါစေ……တွေးမြင်ပြီး အေးချမ်းချစ်ခင်စည်းလုံးသောရွာလေးဖြစ်အောင် တည်ဆောက်ပေးနိူင်ခဲ့ကြပါစေ။ သဘောထားကြီးမှုတွေကို ပြရင်း လူကြီးလူကောင်းဆန်စွာ လက်တွဲနိုင်ကြပါစေ။ စရဲတာက……သတ္တိမဟုတ်ပါ။ ရပ်ရဲတာသာ…..သတ္တိဆိုတာကို သိမြင်နားလည်းနိုင်ကြပါစေ။
မနေနိူင်လို့ပြောမိပြန်ပါတယ်။ကလေးတွေအတွက်ပါ။ အဘက်ဘက်ကလူကြီးတွေကိုရည်ရွယ်ပါတယ်။
SML
ေဇာ္သမားမ်ားအတြက္
သက္ဆိုင္သူမ်ားသို့
In life, you get what you give
တစ္ခါကေက်းရြာတစ္ရြာမွာ ေထာပတ္ေရာင္းတဲ့လယ္သမားတစ္ေယာက္ရွိပါတယ္။သူက သူ့ရြာမွာရွိတဲ့ မုန့္လုပ္တဲ့သူဆီကို သူ့ေထာပတ္ ၁ ေပါင္ အျမဲေရာင္းပါတယ္။ တေန့ေတာ့ မုန့္ဖုတ္တဲ့သူက ေထာပတ္ကိုအေလးခ်ိန္ ျပည့္မျပည့္ခ်ိန္ျကည့္ေတာ့ ၁ ေပါင္ မျပည့္တာကို သိသြားပါတယ္။ ဒါေျကာင့္ စိတ္ဆိုးျပီး ေထာပတ္ေရာင္းတဲ့လယ္သမားကိုတရားစြဲသတဲ့။ ေထာပတ္ကို ေလးခ်ိန္ျပည့္ေအာင္ေသခ်ာခ်ိန္ရဲ့လားလို့ တရားသူျကီးက လယ္သမားကို ေမးပါတယ္။ လယ္သမားကေျပာပါတယ္…..တရားသူျကီးမင္းခင္မ်ား ကြ်န္ေတာ္က စာမတတ္ေပမတတ္တစ္ေယာက္ပါခင္ဗ်ာ။ အေလးခ်ိန္ေတြဘာေတြ သိပ္မသိ သိပ္မတြက္တတ္ပါဘူးခင္ဗ်။ ဒါေပမဲ့ကြ်န္ေတာ္ မွာ ေကာင္းမြန္တဲ့ အေလးခ်ိန္နည္းတစ္ခုေတာ့သိျပီး အဲလိုပဲအျမဲခ်ိန္ပါတယ္ခင္ဗ်ာလို့ေျပာပါတယ္။ တရားသူျကီးကေမးတယ္ ။ ကဲ ဒါဆိုရင္ ခင္ဗ်ားဘယ္လိုခ်ိန္သလဲေျပာပါဆိုေတာ့ “တရားသူျကီးမင္းခင္မ်ာ…..ဒီမုန့္ဖုတ္သမားဟာ ကြ်န္ေတာ္ဆီက ေထာပတ္ ၁ ေပါင္ ကို အျမဲဝယ္ယူအားေပးလာတာျကာပါျပီ။ ထို့အတူကြ်န္ေတာ္ကလည္း သူဆီက ေပါင္မုန့္ ၁ ေပါင္ ကို အျပန္အလွန္အေနနဲ့ အျမဲအားေပးခဲ့ပါတယ္။ ကြ်န္ေတာ္ကလည္း အေလးေတြ ခ်ိန္ခြင္ေတြ သိပ္မတြက္တတ္ေတာ့ ကြ်န္ေတာ္ သူ့ကိုေပးဖို့ေထာပတ္ကို အေလးခ်ိန္တဲ့အခါ သူ့ဆီက ဝယ္ခဲ့တဲ့ ၁ ေပါင္ေလးတဲ့ေပါင္မုန့္နဲ့ အျမဲခ်ိန္တြယ္ခဲ့ပါတယ္ခင္မ်ား။ ဒါေျကာင့္ အျပစ္တင္သင့္သူဟာ ကြ်န္ေတာ္မဟုတ္ပဲ ေပါင္မုန့္ဖုတ္သူသာျဖစ္ပါတယ္ဆိုျပီး တင္ျပလိုက္ပါသတဲ့”။
ဒီပံုျပင္ေလးကေနေျပာခ်င္တာက လူဆိုတာ ကိုယ္ေပးတာကို ကိုယ္ျပန္ရတာပါပဲ။ တစ္ခါတစ္ေလမွာ ကြ်န္ေတာ္တို့က သူမ်ားကို လက္ညိုးေတြထိုး အျပစ္ေတြျမင္တတ္ျကပါတယ္။ တကယ္ဆန္းစစ္ျကည့္လိုက္ရင္ေတာ့ ဒီအျပစ္ေတြဟာ ကိုယ္ကေနအေျခခံေမြးထုတ္လိုက္တာမ်ိုးလဲျဖစ္ေနတတ္ပါတယ္။ လူတိုင္းဟာ ျပည့္စံုတယ္လို့မရွိပါဘူး။ အားနည္းခ်က္ကိုယ္စီရွိျကတာ ဓမၼတာပါပဲ။ ညီညြတ္ျကဖို့ဆိုရင္ေတာ့ သူ့အျပစ္ေတြကိုလည္း နားလည္ေပးနိူင္ရမွာျဖစ္သလို ကိုယ့္အျပစ္ေတြကိုလည္းျမင္ေအာင္ျကည့္နိူင္ျကဖို့လိုပါတယ္။ လူတိုင္းလူတိုင္းဟာ ဘဝဆိုတာကို နားလည္ပံု၊ ခံစားပံု၊ အဓိပၸါယ္ဖြင့္ပံု၊ ေတြးပံု၊ ျမင္ပံု မတူျကပါဘူး။ မတူတာေတြကို လက္ခံနိုင္စြမ္းရွိနိူင္ျကပါေစ။ မိမိအျမင္အေပၚမွာပဲအေသရပ္မေနျကပဲ “ငါသာသူ့ေနရာမွာဆိုရင္” ဆိုတဲ့ အေတြးမ်ိုးလဲေတြးနိူင္ျကပါေစ။ ပစၥုပန္ဆိုတာထက္ အနာဂတ္ဆိုတာကိုမ်က္နွာမူနိူင္ျကျပီး ေနာင္လာမဲ့သားသမီး ေျမးျမစ္ ဆိုတဲ့ မ်ိုးဆက္သစ္ေတြအတြက္ အေမြေကာင္း အျဖစ္ သာယာေအးခ်မ္းေသာ ၊ခ်စ္ခင္စည္းလံုးေသာ ေနထိုင္ခ်င္စရာေကာင္းတဲ့ ရပ္ရြာေလးအျဖစ္ အေမြေပးနိူင္ခဲ့ျကပါေစ။ ေတြးနိူင္ျကပါေစ………ေတြးနိူင္စြမ္းရွိျကပါေစ……..ေတြးျပီးျမင္နိူင္စြမ္းရွိျကပါေစ……ေတြးျမင္ျပီး ေအးခ်မ္းခ်စ္ခင္စည္းလံုးေသာရြာေလးျဖစ္ေအာင္ တည္ေဆာက္ေပးနိူင္ခဲ့ျကပါေစ။ သေဘာထားျကီးမႈေတြကို ျပရင္း လူျကီးလူေကာင္းဆန္စြာ လက္တြဲနိုင္ျကပါေစ။ စရဲတာက……သတၱိမဟုတ္ပါ။ ရပ္ရဲတာသာ…..သတၱိဆိုတာကို သိျမင္နားလည္းနိုင္ျကပါေစ။
မေနနိူင္လို့ေျပာမိျပန္ပါတယ္။ကေလးေတြအတြက္ပါ။ အဘက္ဘက္ကလူျကီးေတြကိုရည္ရြယ္ပါတယ္။
SML
Comments