မင်းဘယ်သူလဲ



သင်ဘယ်လိုလူစားလဲ……………………………
အသက် ၃၀ ဝန်းကျင်မိန်းကလေးတစ်ယောက်က တစ်နေ့တော့ သူမိဘအိမ်ကိုသွားပါတယ်။ အိမ်ရောက်တော့ အမေလုပ်သူကို သူမဘဝဘယ်လောက်ဆိုးကြောင်း အခက်အခဲတွေဘယ်လိုတွေ့ရကြောင်း စိတ်ဓာတ်တွေကျနေတဲ့အကြောင်း၊ ပြသနာတွေကလည်း တစ်ခုပြီးသွားလိုက် နောက်တစ်ခုကပေါ်လာလိုက်နဲ့ရှင်းလို့မနိူင်အောင်ဖြစ်နေလို့ ဘဝကို ဆက်လက်ရုန်းကန်တိုက်ပွဲဝင်ဖို့ အားအင်မရှိတော့လောက်အောင်ဖြစ်နေပြီး ဘဝကို အရှုံးပေးချင်နေပြီဖြစ်တဲ့အကြောင်း သူမအမေကိုပြောပြပြီး ငြီးငြူပါတယ်။ ဒီတော. သူမအမေက သူမကို လက်အသာဆွဲပြီး နောက်ဖေး မီးဖိုချောင်ခန်းကိုခေါ်သွားပါသတဲ့။
ပြီးတော့ အိုးသုံးလုံးကိုယူ ရေထည့်ပြီး မီးဖိုပေါ်မှာတင်လိုက်ပါတယ်။ ခဏနေတော့ ရေနွေးအိုးဆူလာတဲ့အခါမှာ အနားမှာရှိတဲ့ မုန်လာဉရယ်၊ ကြက်ဉရယ်၊ ကော်ဖီမှုန့်ရယ်ကိုယူပြီး အမေလုပ်သူက သမီးဖြစ်သူကို တစ်ခုကို တစ်အိုးစီလိုက်ပြီးထည့်ခိုင်းလိုက်ပါတယ်။ ပြီးတော့ ဘာစကားမှမပြောပဲသားအမိနှစ်ယောက်ထိုင်နေပြန်ပါတယ်။ မိနစ်အနည်းငယ်ကြာတော့မှ ပွက်ပွက်ဆူနေတဲ့ အိုးထဲကနေ မုန်လာဉ နဲ့ ကြက်ဉ ကို ပုဂံထဲမှာထည့်၊ ကော်ဖီကိုလည်းမွှေလိုက်ပြီး ခွက်ထဲမှာသေခြာထည့်ပြီးယူလာပါတယ်။ ပြီးတော့ သမီးရေ သေချာကြည့် သမီးဘာမြင်သလဲလို့မေးလိုက်ပါတယ်။ သမီးဖြစ်သူက ကြက်ဉရယ် မုန်လာဉရယ် ကော်ဖီရယ်ကိုမြင်ပါတယ်လို့ပြောပါတယ်။ အမေဖြစ်သူက မုန်လာဉကိုယူ သမီးဖြစ်သူကိုသေခါပြပြီးထပ်မေးလိုက်ပါတယ်။ သမီးရယ် သေချာကြည့်ပါအုန်း အခုမုန်လာဉကဘယ်လိုနေသလဲ။ဒီအခါမှာတော့ မုန်လာဉဟာ ရေနွေးနဲ့ပြုတ်လိုက်လို့ ပြော့နေတာကို သမီးဖြစ်သူက သတိထားမိသွားပါတယ်။ နောက်တခါ ကြက်ဉကိုလည်းအခွံခွာပြီး ကြည့်ခိုင်းပြန်ပါတယ်။ ကြက်ဉကလည်းရေနွေးနဲ့ပြုတ်လိုက်လို မာနေတာကို သတိထားမိသွားပါတယ်။ နောက်ဆုံးမှာတော့ အမေဖြစ်သူက သမီးဖြစ်သူကို ကော်ဖီတစ်ငုံလောက်အသောက်ခိုင်းပါတယ်။ အမေရေ ဒီကော်ဖီလေးက အနံ့လေးမွှေးနေပြီးတော့ အရသာလည်းအရမ်းရှိတာပဲလို့ သမီးဖြစ်သူကပြောလိုက်ပါတယ်။ ပြီးတော့ အမေရေ ဒါတွေက အမေဘာကိုပြောချင်တာလဲဆိုပြီးမေးလိုက်ပါတယ်။ အမေဖြစ်သူကရှင်းပြပါတယ်။ သမီးရေ ဒီပစ္စည်းသုံးမျိုးလုံးဟာ တူညီတဲ့ အခက်အခဲအခြေအနေ(ရေနွေးအိုးထဲမှာ)တစ်ခုကို ဖြတ်ကျော်ခဲ့ကြရတာပါ။ ဒါပေမဲ့တစ်ခုချင်းစီရဲ့တုန့်ပြန်ပုံကတော့မတူဘူးနော် သမီး။ စဉ်းစားကြည့်ပါ သမီးရယ်…………..မုန်လာဉက ရေနွေးနဲ့မပြုတ်ခင်အခြေအနေမှာ လတ်ဆတ်မာကြောနေပေမဲ့ ရေနွေးနဲ့ပြုတ်ခြင်းဆိုတဲ့ ဆိုးဝါးတဲ့အခြေအနေကို ကြုံကြိုက်တဲ့အခါမှာ နူးညံ့ပျော့ပြောင်းသွားတယ်။ ဒါပေမဲ့ ကြက်ဉကတော့ ရေနွေးနဲ့မပြုတ်ခင်အချိန်မှာ ကြွတ်ဆတ်ပြီးအလွယ်တကူကွဲကြေသွာနိုင်တဲ့အနေအထားကနေ အရင်လိုမဟုတ်တော့ပဲ ရေနွေးနဲ့ပြုတ်ခြင်းဆိုတဲ့ ဆိုးဝါးတဲ့အခြေအနေကို ကြုံကြိုက်တဲ့အခါမှာ မာကြောလာတာကိုတွေ့ရတယ်နော်။ အဲဒီအချိန်မှာပဲ အခြေအနေဆိုး(ရေနွေးနဲ့ပြုတ်ခြင်း) တစ်ခုကို အတူတူဖြတ်သန်းလာခဲ့တဲ့ ကော်ဖီကကောဘာဖြစ်သွားသလဲ။ သမီးသတိထားကြည့်လိုက်ပါ။ ကော်ဖီမှုန့်လေးတွေဟာ ရေနွေးနဲ့ပြုတ်ခြင်းကိုခံရချိန်မှာ သူကိုယ်တိုင်က အခြေအနေဆိုးရဲ့ရိုက်ခတ်မှုကြောင့်လိုက်ပါပြောင်းလဲမသွားပဲ ပြုတ်တဲ့ရေနွေးကိုပြောင်းလဲသွားအောင်လုပ်ပစ်လိုက်တယ်နော်။ သမီးကိုမေးမယ်နော် ……….သမီးဟာဘယ်လိုလူစားလဲ……..မုန်လာဉလိုလူစားလား…………ကြက်ဉလိုလူစားလား……………..ဒါမှမဟုတ် ကော်ဖီလိုလူစားလား……….စဉ်းစားပါ။ မိမိကိုယ်ကို ဘယ်လိုလူစားဖြစ်စေချင်သလဲပေါ့။ မုန်လာဉတွေလို အမြင်မှာတော့မာကြောသလိုနဲ့ နာကျင်မှုတွေ အခြေနေဆိုးတွေကြောင့် နူးညံ့ပြော့ပြောင်းသွားရသလိုမျိုး ငါဟာလည်း ဒုက္ခအခက်အခဲပြသနာတွေနဲ့ရင်ဆိုင်ရတိုင်း အဲဒီအရာတွေရဲ့ ပြုပြင်ပြောင်းလဲမှုုကိုလက်ခံနေမဲ့ အရှုံးခံသမားတစ်ယောက်လား။
နူးညံ့ပျော့ပြောင်းပြီး အလွယ််တကူပုံသွင်းနိူင်တဲ့နှလုံးသားနဲ့ ကြက်ဉတစ်လုံးလိုပဲ အပူဆိုတဲ့ ဒုက္ခဆိုးနဲ့တွေတဲ့အချိန်မှာ ပေါ်ယံအမြင်မှာတော့ဘာမှမပြောင်းလဲသလိုနဲ့ နှလုံးသားတွေဟာမာကြောလာတဲ့လူတစ်ယောက်လား။ သေလောက်မတတ်ခံစားရမှုတွေ၊ကွဲကွာရခြင်းတွေ၊ငွေကြေးအခက်အခဲတွေ၊တရားရင်ဆိုင်ရတာတွေ၊လူမှုရေးပြသနာတွေမျိုးစုံကို တွေ့ကြုံရင််ဆိုင်ခဲ့ရပြီးနောက်မှာတော့ ကြက်ဉလေးတစ်လုံးလိုပဲ အပေါ်ယံအမြင်မှာ သိပ်မပြောင်းလဲပေမဲ့ အတွင်းနှလုံးသားတွေကတော့မာကြောခက်ထန်နေတဲ့လူသားတစ်ယောက်ဖြစ်ချင်တာလား။
ဒါမှမဟုတ်…….ကော်ဖီစေ့လေးတွေလိုမျိုး ရေနွေးနဲ့အပြုတ်ခံနေရလို့အပူချိန်အမြင့်ဆုံးကိုရောက်လာချိန်မှာသူတို့ရဲ့ရနံ့နဲ့အရသာကိုထုတ်လွှတ်လိုက်တယ်ပြီးတော့ရေနွေးရဲ့ဖြစ်တည်မှုကိုပါ ပြောင်းလဲပစ်လိုက်တယ်။ သင်ရော ကော်ဖီစေ့လေးတွေလို အခက်အခဲပြသနာရဲ့အဆိုးဆုံးအချိန်တွေကြားမှာ အကောင်းဆုံးတွေဖြစ်လာအောင် သင့်ပတ်ဝန်းကျင်မှာရှိနေတဲ့အခြေအနေကိုပြောင်းလဲပစ်နိူင်တဲ့လူတစ်ယောက်လား။ ဘဝရဲ့အမှောင်မိုက်ဆုံးအချိန်၊ရင်ဆိုင်ယှဉ်ပြိုင်ရမှုတွေရဲ့အမြင့်ဆုံးအချိန်မှာ ပိုကောင်းတဲ့အရွေ့တစ်ခုကိုရအောင်လုပ်နိူင်သူလား။ အခက်အခဲဒုက္ခ ပြသနာဆိုတာတွေကို သင်ကဘယ်လိုကိုင်တွယ်ဖြေရှင်းသလဲ။ စဉ်းစားကြည့်ပါနော်……….သင်ဟာ မုန်လာဉလား…….ကြက်ဉလား……..
ကော်ဖီစေ့လိုလူလား……….ပြောကြည့်လေသိရတာပေါ့……………..JJJJJJJJJJJJJJJJJ
ဘဝမှာငြိမ်းချမ်းစွာနေထိုင်နိုင်ဖို့အတွက် ပျော်ရွှင်မှုတွေရှိနေပါတယ်။ တောင့်တင်းသန်မာမှုကိုစမ်းသပ်ဖို့အတွက် ရင်ဆိုင်ယှဉ်ပြိုင်ရမှုတွေရှိမယ်။ လူသားပီသမှုတွေဆန်းစစ်နိူင်ဖို့အတွက် ဝမ်းနည်းကြေကွဲရမှုတွေလည်းရှိနေပါတယ်။ပျော်ရွှင်နိူင်ဖို့အတွက်လည်း လုံလောက်တဲ့မျှော်လင့်ချက်တွေရှိနေပါတယ်။
ဘဝမှာပျော်ရွှင်စွာနေထိုင်ဖြတ်သန်းနေကြတဲ့လူတွေမှာ သူတို့လိုအပ်သမျှအတွက်အကောင်းဆုံးဆိုတဲ့အရာတွေရှိနေတာမဟုတ်ပါဘူး။ တကယ်တော့ သူတို့ရှင်သန်ဖြတ်သန်းရာဘဝတလျှောက်မှာတွေ့ကြုံလာရသမျှသော လောကဒဏ်တွေကို သူတို့ကသူတို့လိုချင်တဲ့အရာတွေဖြစ်အောင်ပြောင်းလဲပစ်လိုက်လို့ပါ။ အကောင်းဆုံးသောအနာဂတ်ဆိုတာ အတိတ်ဆိုးကိုမေ့ပျောက်ပစ်နိုင်စွမ်းအပေါ်မှာအခြေတည်ပါတယ်။ အတိတ်ကဖြစ်ပျက်ခဲ့သော ဆုံးရှုံးမှုတွေ နာကျင်မှုတွေ အခက်အခဲတွေကို မမေ့ပျောက်နိူင်သ၍ ရှေ့ဆက်လို့ရမှာမဟုတ်ပါဘူး။
ဒီစကားလေးကို သတိရပါ……………………
သင်မွေးဖွားလာစဉ်အချိန်က …………သင့်ဘေးမှာရှိတဲ့လူတိုင်းက ပြုံးနေပြီး သင်တစ်ယောက်တည်းက ငိုနေတယ်နော်……..
ဘဝရဲ့အဆုံးမှာတော့ ………….သင်ဘေးကလူတိုင်းကငိုနေပြီး သင်ကတော့ပြုံးနေနိူင်အောင် ကြိုးစားနေထိုင်ပါ………..
လေးစားလျှက်
စိန်မျိုးလွင်