အလုပ်ဝင်ရန်အခြေခံလိုအပ်ချက်များ (၁)

အလုပ်ဝင်ရန်လိုအပ်ချက်များ

 ဒီတခါပိုစ့်လေးကတော့ ကျောင်းတက်ပြီးစကလေးများ သို့ ကျောင်းတက်နေဆဲသူများ လုပ်ငန်းခွင်ဝင်ဖို့ ပြင်ဆင် နေကြတဲ့သူများအတွက်ရည်ရွယ်ပါတယ်။ ကျွန်တော်တို့သတိထားမိသလောက် လုပ်ငန်းခွင်ဝင်ဖို့ အလုပ်တစ်ခုရ ဖို့ပြင်ဆင်နေကြတဲ့လူငယ်များအနေနဲ့ ဘာတွေလုပ်ထားကြရမလဲ။ CV ဖောင်ကို ဘယ်လိုပြင်ရမလဲ။ Cover letter ကိုဘယ်လိုရေးရမလဲ ဆိုတာတွေကို မကြာခဏမေးတာကြုံရပါတယ်။ ဒါ ကြောင့် ဒီအကြောင်းလေးတွေကို နဲနဲမျှဝေပေးချင်ပါတယ်။ သိထားသူများ ကျော်သွားကြပါနော်။ အခုခေတ်မှာ တော့ တိုးတက်လာတဲ့နည်းပညာတွေနဲ့ ယဉ်ပါးဖို့လိုပါတယ်။  အင်တာနက်သုံးတတ်ရပါမယ်။ facebook လို social media တွေသာမဟုတ်ပါ။ အင်တာနက်ဘရောက် ဇီးလို့ခေါ်တဲ့ အင်တာနက်မှာ လိုချင်တာကိုရှာဖွေတာ အသုံးချတာ မျိုးကိုဆိုလိုတာပါ။ အနည်းဆုံးတော့ Email သို့ Gmail အကောင့်တစ်ခုရှိထားရပါမယ်။ ဘာမှမခက်ပါဘူး။ အကောင့်ဖွင့်ထားပါ။ စာရေး စာပို့ တတ်အောင်လုပ်ထားပါ။ ဒါမှ အလုပ်လျှောက်တဲ့အခါအဆင်ပြေမှာပါ။ နောက်တစ်ခုက Cloud နည်းပညာ ဆော့ဝလ်တွေကို သုံးတတ်ရင် ပိုကောင်းပါတယ်။ ဉပမာ dropbox, google drive, I cloud အစရှိတဲ့ဆော့ဝဲလ်တွေပါ။ ကိုယ့်ရဲ့ အချက်အလက်တွေကို သိမ်းထားလို့ရပါတယ်။ ကိုယ့်မှာကွန်ပြူတာ ကိုယ်ပိုင်မရှိသေးတော့ အလုပ်လျှောက်မဲ့လျှောက်လွှာတွေ စာရွက်စာတမ်းတွေကို သိမ်းထားပြီး ကိုယ်အလုပ်လျှောက်ချင်တဲ့အချိန် ယူသုံးလိုက်ယုံပါပဲ။ အရမ်းအဆင်ပြေပါတယ်။ သိချင်သူများရှိရင် တော့ နောက်နေ့တွေမှာ Gmail ဖွင့်နည်း အသုံးပြုနည်းလေးတွေ မျှဝေပေးပါမယ်။  နောက်တစ်ခုပြောချင်တာက အခုခေတ်မှာ အလုပ်လျှောက်လွှာကြီးကိုကိုင် ကုမ္ပဏီရှိရာသွား အလုပ် လျှောက်တဲ့ခေတ်မဟုတ်တော့ပါဘူး။ ဒါကိုသိဖို့လိုပါတယ်။ အဲလိုမရဘူးလားမေးရင် ရပါတယ်။ ဒါပေမဲ့ ခက်ခဲပါတယ်။ မိမိအိမ်ကနေထိုင်ပြီး အလုပ်လျှောက် အင်တာဗျူးရှိရင်တော့သွားဖြေ သို့ အိမ်ကနေအင် တာဗျူးဖြေ လုပ်လို့ရနေပါပြီ။ မိမိအိမ်ကနေ အင်တာဗျူး ဖြေတတ်ဖို့ ဖြေနိူင်ဖို့ဆိုရင် skype, messenger, microsoft team, zoom အစရှိတဲ့ ဆောဝဲလ်တွေသုံးတတ်အောင်လုပ်ထားပါ။ အကောင့်ဖွင့်ထားပါ။  နောက်တစ်ခုက အလုပ်ရှာတတ်ဖို့ပါ။ အလုပ်ရှာတဲ့ ဝက်ဆိုဒ်တွေ အများကြီးရှိပါတယ်။ facebook ပေါ် မှာလည်း အများကြီးရှိပါတယ်။ ဒါပေမဲ့ JobNet.com.mm, Myjobs.com.mm, MIMU တို့လိုဆိုဒ်တွေ မှာဝင်ရှာရင် အများကြီးရှိပါတယ်။ ကိုယ်လိုချင်တဲ့အလုပ်ကို စိတ်ကြိုက်ဝင်လျှောက်လို့ရပါတယ်။  နောက်တစ်ခုအရေးကြီးတာက မိမိ CV form ကို ပြင်ဆင်ထားပါ။ တချို့ ကွန်ပြူတာဆိုင်တွေမှာ ဖောင် တွေကို ရောင်းပါတယ်။ သပ်သပ်ရပ်ရပ်ပြင်ထားပေးပါ။ မိမိကိုယ်ဆက်သွယ်ရမဲ့ ဖုန်းနံပါတ် သို့ email လိပ် စာပါပါစေ။ အရမ်းအရေးကြီးပါတယ်နော်။ကိုယ်ရေးအချက်အလက်တွေပါရပါမယ်။ လုပ်ငန်းအတွေ့အကြုံရှိရင် သေချာဖော်ပြပါ။ ဘယ်မှာလုပ်ခဲ့တယ်။ ဘယ်ရာထူးနဲ့လုပ်ခဲ့တယ်။ ဘယ်လောက်ကြာတယ်။ ဘာတွေလုပ်ရတယ်ဆိုတာတွေရေးပါ။ နှစ်ခုသုံးခုထက်ပိုရင် နောက်ဆုံးလုပ်ခဲ့ တဲ့အလုပ်ကို အပေါ်ဆံးမှာထားပြီး အစဉ်လိုက်ရေးပါ။ အောက်ဆုံးမှာ မိမိကိုထောက်ခံပေးမဲ့သူတွေရဲ့ ဖုန်း၊ ရာထူး၊ email လိပ်စာ ပါရင်ပိုကောင်းပါတယ်။ဆိုင်မှာပြင်ထားတာဆိုရင်လဲ မိမိဖုန်းထဲမှာ ထည့်ထားပါ။  နောက်တစ်ခုကတော့ အပေါ်စာလို့ခေါ်တဲ့ Cover letter ပါ။ အရေးကြီးပါတယ်။ English လိုရေးမှမ ဟုတ်ပါဘူး။ မြန်မာလိုလဲရပါတယ်။ English လိုရရင်တော့ပိုကောင်းတာပေါ့။ အခြေခံအချက်လေးတွေ ပြောပြပါမယ်။ အပေါ်ဘက် ဘယ်ထောင့်မှာ လိပ်စာတပ်ပါ။ ညာဘက်မှာ ရက်စွဲရေးပါ။ အောက်မှာ အကြောင်းအရာ ဆိုပြီး လျှောက်ချင်တဲ့အလုပ် ရာထူးနဲ့နေရာရေးပါ။ ပြီးရင် အောက်မှာ စာကိုယ်ကိုရေး ပါ။ ပထမ အလုပ်ခေါ်စာကိုဘယ်မှာတွေ့လို့အလုပ်လျှောက်ချင်ပါတယ်ရေးပါ။ မိမိကိုယ်ကို မိတ်ဆက်ပါ။ ပညာရေး ဖော်ပြပါ။ ဒီအလုပ်ကို ဘာကြောင့်စိတ်ဝင်စားလုပ်ချင်တာလဲရေးပေးပါ။ မိမိ အတွေ့အကြုံနဲ့ အလုပ်ခေါ်စာမှာပါတဲ့လိုအပ်ချက်နဲ့ဘယ်လိုကိုက်ညီကြောင်းရေးပါ။ မိမိအလုပ်ရခဲ့ရင် ဘယ်လိုလုပ် မယ်ဆိုတာ ရေးပါ။ အင်တာဗျူးခေါ်ဖို့ မိမိက သင့်တော်ကြောင်းရေးပေးပါ။ အောက်ဆုံးမှာ နာမည်ရေး လက်မှတ်ထိုးပါ။ အများဆုံး တစ်မျက်နှာထက်မပိုပါစေနဲ့ ။ CV နဲ့တွဲပြီးတင်ရမှာပါ။ အလုပ်လျှောက်လွှာတစ်ခုလုံး ၃ မျက်နှာ ၄ မျက်နှာသည် အသင့်တော်ဆုံးပါ။  ဒါပြီးရင်တော့ ကိုယ်လျှောက်ချင်တဲ့အလုပ်လဲတွေ့ပြီ။ cover letter နဲ့ CV form လဲရပြီဆိုရင် word file သို့ PDF file ပြောင်းထားပါ။ အလုပ်လျှောက်ရမဲ့ Email လိပ်စာအတိုင်း လျှောက်လိုက်ယုံပါပဲ။ ပြီးရင်တော့ အိမ်မှာပဲထိုင်စောင့်ပေါ့။ အင်တာဗျူးခေါ်ရင် ပြန်ဆက်သွယ်ပါလိမ့်မယ်။ စာလည်းရှည်ပြီမို့လုပ်ဆောင်ချင်၊သိချင်သူများရှိရင် နောက်မှဆက်ရေးပေးပါမယ်။ ဒါမှမဟုတ်ရင်လဲ ကျွန်တော်လုပ်ထားတဲ့ https://youthsmm.blogspot.com မှာ လေ့လာလို့ရပါတယ်။ အခြား ဗဟုသုတမှတ်စရာများ၊ စာအုပ်များ၊ သီချင်းများ၊ စာပေဟောပြောပွဲများ၊ ဉပဒေစာအုပ်များ ကိုလည်း ယူကြည့်လို့ရပါတယ်။

Comments